လေဖြတ်ခြင်း သို့မဟုတ် stroke ဟာ ဦးနှောက်ကို ထောက်ပံ့ပေးတဲ့
သွေးစီးဆင်းမှုပိတ်ဆို့ခြင်း (သို့မဟုတ်) သွေးကြောပေါက်ခြင်းကြောင့်
ဦးနှောက်လုပ်ငန်းစဉ် ရုတ်တရက်ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ
ဦးနှောက်က သွေးလွှတ်ကြောပေါက်ခြင်း၊ သွေးခဲပိတ်ဆို့ ခြင်းကြောင့်
ဖြစ်ပွားနိုင်ပါတယ်။ နှလုံးရောဂါပြီးရင် ဒုတိယအဖြစ်အများဆုံး
အသက်ဆုံးရှုံးစေတဲ့ အကြောင်းရင်း တစ်ရပ်ဖြစ်ပါတယ်။
၁။ Ischaemic Stroke – ဒီလေဖြတ်ခြင်းဟာ ဦးနှောက်ရဲ့
အစိတ်အပိုင်းတစ်ခုခုကိုသွားတဲ့ သွေးစီးဆင်းမှုပျက်စီးပြီး
အဲဒီအစိတ်အပိုင်း ရဲ့တစ်ရှူးပျက်စီးမှုကို ဖြစ်ပေါ်စေပါတယ်။
သွေးခဲပိတ်ဆို့ရခြင်းဟာ နဂိုထဲကရှိပြီးတဲ့သွေးခဲ thrombus
ကသွေးကြောပိတ်ဆို့ခြင်း၊ သွေးကြောတစ်နေရာမှ ရွေ့လာသော သွေးခဲ embolus
ပိတ်ဆို့ခြင်း၊ shock တစ်ခုခုကြောင့်
သွေးစီးဆင်းမှုနည်းပါးသွားခြင်းတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။
၂။ Haemorrhagic Stroke – ဦးနှောက်က သွေးကြောတစ်ခုခုပေါက်ပြီး
ဦးနှောက်နဲ့ ဦးခေါင်းခွံကြားမှာ သွေးထွက်ခြင်း(Subarachroid
Haemorrhage) သို့မဟုတ် ဦးနှောက်တွင်းမှာ သွေးထွက်ခြင်း (cerebral
haemorrhage) တွေကြောင့် ဖြစ်ရတာပါ။
သတိပေးလက္ခဏာများ
- ခြေ၊ လက်၊ မျက်နှာများ အထူးသဖြင့် တစ်ဖက်တည်းတွင် ထုံလာခြင်း၊
အားနည်းလာခြင်း၊
- မျက်နှာ၊ ဦးခေါင်း ငိုက်ငိုက်ကျလာခြင်း၊
- နားလည်နိုင်စွမ်း လျော့ကျလာခြင်း၊ တွေဝေခြင်း
- စကားပြောရာတွင် ခက်ခဲလာခြင်း
- အမြင်အာရုံတစ်ဖက်တည်း သို့မဟုတ် နှစ်ဖက်စလုံးေ၀၀ါးလာခြင်း
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မူးဝေလာခြင်း၊
- ဟန်ချက်ထိန်းနိုင်မှုလျော့ကျခြင်းစတဲ့ ရောဂါလက္ခဏာတွေကို သတိပြု
စောင့်ကြည့်ပေးသင့်ပါတယ်
ငြိမ်းအေး
Ref: PTI
Health Update Journal