Movie တွေကို Download ပြုလုပ်ရာမှာ Quality ကောင်းကောင်းနဲ့ အဆင်ပြေပြေကြည့်ရဖို့ ဒီဗဟုသုတလေးတွေ သိထားပေးပါ


အားလုံး ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေ Movie တွေကို ဒေါင်းဖို့ဆိုတာက စွန့်စားခန်း တစ်ခုလို့ပြောလဲ ရပါတယ်။ တိုက်ပွဲ တစ်ပွဲလို့ ပြောလဲ ရပါတယ်။
စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်နိုင်မှ Movie တစ်ကားလုံးကို အောင်ပွဲ ခံ စွာ ဒေါင်းနိုင်မှာပေါ့နော်...။ ဒီအခြေခံ အချက်လေးတွေကို ပြောပြဖို့က စိတ်ကူးတော့ ရှိပေမဲ့
ပျင်းတာနဲ့ မရေးဖြစ်ခဲ့ပါဘူး။ ဟိုတစ်နေ့က အကိုတစ်ယောက် Movie တွေက တစ်ချို့ ကျတော့ Size ကြီးပြီး မကြည်ကြဘူး။ တစ်ချို့ကျတော့ အကြည်ကြည့်ရတယ်။
Quality ကောင်းတယ်။ အဲ့ဒါ ဘယ်လိုမျိုးဟာကို ဒေါင်းသင့် သလဲ လို့ မေးလာတော့ အခု ကျွန်တော်လဲ ရေးချင်စိတ်က ပြင်းထန်လာတာနဲ့ ဖော်ပြပေးလိုက်ပါတယ်။


ကျွန်တော်တို့တွေ Movie တွေကို မဒေါင်းခင် အရင် သိထားရမှာ က Movie Quality လို့လဲ ပြောလို့ ရတဲ့ Movie Version တွေပါပဲ။ အောက်မှာကြည့်ပါ။
အကူများတဲ့ Quality တွေက တော့  CAM, Telesync, ×264, DVDrip, DVD, HDRIp, BDRip,720P,1080P တွေပေါ့။

CAM ဆိုတာကတော့ အားလုံးနားလည်အောင် ပြောရရင် ခိုးကူးပေါ့။ Camera Advence လုပ်ပြီး ရိုက်ထားတာပေါ့။ CAM ဆိုတာက သေချာပေါက် မူရင်းကို ပြုပြင်ပြောင်းလဲ ထားတာ မဟုတ်ပဲ
အပြင် ကနေ ထပ်ပြီး ရိုက်ထားတာပဲ။ သူ့မှာ ၀ါးတာ ရှိတယ်။ အသံ မကြည်တာ ရှိတယ်။ ကွယ်နေတာရှိတယ်။ အပြင်က အသံတွေပါတယ်။ များသောအားဖြင့် Movie ရုံတင်တဲ့ ကားတွေကို
ခိုးရိုက်၊ ခိုးကူးထားကြတာပေါ့။ ခိုးကူးတာကို Copy ကူးတယ်လို့ မပြောရဘူးနော်။ Copy ကူး နဲ့ ခိုးကူးတာ မှား နေမှာ စိုးလို့ပါ။ Copyအမျိုးအစားတွေထဲမှာ နမူနာအားဖြင့် Orginal ခေါ် Master Copy, ကိုယ့်ဖာသာကို ကူးတဲ့ Copy, ခိုးကူးတဲ့ Copy
တွေထဲကမှာ CAM ဆိုတာ ရုံတင်ကားတွေ အတွက်ပြောရရင် ရုံတင်နေတုန်းခိုးရိုက်ထားလို့ ခိုးကူးတဲ့ Copy ပေါ့ :)
ဒီလောက်ဆို CAM ဇာတ်တော်ကြီး ရှင်းသွားပြီထင်ပါတယ်နော်..။ Movie Quality တွေမှာ များသောအားဖြင့် CAMrip ဆိုပြီး တွေ့ရပါမယ်။

နောက်တစ်ခုက Telesync ပေါ့။ သူကတော့ ရှင်းပါတယ်။ TV မှာ လာနေတာကို Record လုပ်ထားတာမျိုးပေါ့ ကြည့်လိုက်ရင် သိသာတယ် မှုန်သလိုလိုရှိပေမဲ့ ကြည့်ကောင်းပါတယ်။ ဒါကြောင့် Movie အကြည်ဆိုတာက ဒီကနေ စပြီး ခေါ်လို့ ရပါပြီ။
ဒါပေမဲ့ တချို့ Telesync တွေကကျတော့ မှောင် တာ တွေ့ ရတယ်နော်။ အဲ့တော့ ကြည်ပေမဲ့ အကူးမကောင်းတာပေါ့။ သူမှာ R5 နဲ့ R6 ဆိုပြီး ရှိပါတယ်။ များသော အားဖြင့် R5 ထက် R6 က ပိုကောင်းပါတယ်။ ကဲဒီလောက်ဆိုရင် Telesync အကြောင်းရလောက်ပါပြီ။

နောက်နစ်ခုက ×246 အဲ့ကောင်က Codec ပါ။ Movie Quality Codeic ပါ။ သူပါလာရင် များသောအားဖြင့် တော်တော် ကြည်လင်ပြတ်သားတာကို တွေ့ရပါတယ်။ Codec မှာ XviD Codec နဲ့ AVC Codec လဲ ရှိပါသေးတယ်။ ကျွန်တော်တို့က Movie Quality Speciallist တွေ မဟုတ်တော့
ဒီ Codec ၃ခုမြင်ရင် ကြည့်လို့ အဆင်ပြေတယ်လို့ မှတ်ထားလို့ရပါတယ်။

တကယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံက 480P လေးတွေ 360P လေးတွေက တော်တော် အဆင်ပြေပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်လေးတွေက Screen Size သေးသွားတယ် ဆိုတော့ ကြည့်ရတာ
အရသာ မရှိ ဘူးပေါ့ဗျာ.. ဒီတော့ ကျွန်တော့်  တစ်ကမ္ဘာလုံးမှာ Quality အကြည်ဆိုရင် 720P တွေ အတွေ့ ရ အများဆုံး ဖြစ်ပါတယ်။ 720P ကတော့ ပြောစရာ မလို ပါဘူး Resolution ပေါ့။ ကြည့်လိုက်ရင် ရုပ်ထွက် အသေးစိတ်ကို ကို 720P သုံးထားတယ်ပေါ့။
720P အများစုက 1280×544 အရွယ်အစား ရှိပါတယ်။ ဒီတော့ ကြည့်ရတာ 1080P မဟုတ်ရင်တောင် အရသာ ရှိရှိ ကြည့်လို့ ရပါပြီ။

1080P ကတော့ အကောင်းဆုံးပေါ့နော်.. 1920×816 အရွယ်အစား ရှိပါတယ်..  အကောင်းဆုံးဆိုပေမဲ့ ရုပ်ထွက် ကို ပြောတာပေါ့နော်။ အသံကို ပြောတာ မဟုတ်ပါဘူး။ အသံ Quality တွေ အကြောင်းကတော့ အောက်မှာပါ။

အသံ Quality မှာ Codec AAC, AC3 ဆိုပြီး အများဆုံး သုံးလေ့ရှိပါတယ်။ AC3 ကတော့ Audio Coding 3 ပေါ့။ အသံကြည်တာ မကြည်တာကတော့ မဆိုင်ပါဘူး။  Kbps နဲ့ ဆိုင်တာပေါ့ ။ အနည်းဆုံး 41Kbps ဆိုရင် နားထောင်လို့ရပြီ။ အများဆုံး 320Kbps အထိနားထောင်လို့ရပါတယ်။
Kbps နည်းသွားရင်သော်လည်းကောင်း၊ များသွားရင်သော် လည်းကောင်း ဒန်ပြား ပွတ်သံမျိုးပါလာတော့မှာဖြစ်ပါတယ်။

ဒါကတော့ ရုံတင်နေတဲ့ Movie တွေ အတွက် ပြောပါ။ ရိုးရိုးထုတ်တဲ့ Film တွေကတော့ DVDrip, Blurayrip, HDrip, စသည်ဖြင့်ပါ။ အားလုံးကအကြည်တွေ ကြီးပဲ အဆင်ပြေပြေထိုင်ကြည့်လို့ရပါတယ်။

နောက်ဆုံး သတိထားရမှာကတော့ အရေးအကြီး ဆုံးလဲ ဖြစ်တဲ့ File Size ပါ။ File Size ကြီးလို့ ကောင်းတယ်လို့လဲ ပြောလို့ မရသလို၊ File Size သေးလို့ မကောင်းဘူးလို့ လဲ ပြောမရပါဘူး။
File Size နည်းခြင်း များခြင်း အကြောင်းအရင်းက-
နံပါတ် ၁) Movie ပြုလုပ်ထားတဲ့ Format ကြောင့် ဖြစ်နိုင်ပါတယ်။
[flv Format ဆိုရင်တော့ 400MB လောက်ပဲ ရှိပေမဲ့ ကြည်နိုင်ပါတယ်။ ဒါပေမဲ့ သိထားရမှာက Quality အကောင်းစားတွေက ဘယ်တော့မှာ flv က နေ မလာပါဘူး။ ဘာလို့လဲ ဆိုတော့ လုပ်မဲ့လုပ် ကောင်းအောင်ပဲ လုပ်ကြမှာမို့ပါ။
CAM rip တို့၊ Youtube လို Mp4 ကို Upload လုပ်လိုက်လို့ flv ပြောင်းပေးတာ မျိုးတွေက ကြည့်လို့တော့ အဆင်ပြေနိုင်ပါတယ်။ Resolution ကောင်းကောင်း၊ ပြတ်ပြတ်သားသားမြင်ရမှာတော့ မဟုတ်ပါဘူး။ ပြီးတော့ အဲ့လိုလုပ်တာဟာ ဂရုတစိုက်တည်းဖြတ်ထားတာ မဖြစ်တော့ပါဘူး။
 ဒါကြောင့်မို့လို့
Movie ဟာ နာရီနဲ့ ချိန်ကြည့်လို့ ရှိသင့်တာထက် File SIze နည်းနေရင်လဲ မဒေါင်းသင့်ပါဘူး။

အခု ခေတ်စားနေသလို အသံထွက် ကြည်ကြည်နဲ့ Quality အကောင်းစားတွေ ပေးထားတာကတော့ MKV Format ပါ။ .mkv file တွေပေါ့။ သူက MP4 လို Quality ကို ထုတ်ပေးနိုင်ပေမဲ့ MP4 လို file size မကြီးပါဘူး။
MP4 Format မှာ. 1.2GB or 1.4 GB ရှိနေရင် MKV Format မှာ 900MB လောက်နဲ့ ညီမျှနေပါတယ်။ ဒါကြောင့်များသောအားဖြင့် mkv Format တွေနဲ့ မျှဝေပေးတတ်ကြပါတယ်။]

နံပါတ် ၂) အပေါ်က ပြောထားသလို Quality နဲ့ဆိုင်ပါသေးတယ်။ Density ကောင်းရင် လည်း File Size ကြီးပါလိမ့်မယ်။ 1080P ဟာ 720P ထက် File Size ကြီးပါလိမ့်မယ်။ Audio Quality 320Kbps လုပ်ထားရင် FileSize ကြီးပါလိမ့်မယ်။

ဒီလောက်ဆိုရင် File Size အကြောင်းပြောလို့ ပြီးပြီလို့ ထင်ပါတယ်။

နောက် ဆုံး တစ်ခုကတော့  Movie တွေမှာ 8GB တို့ 4GB တို ရှိနေတာပါပဲ။ အဲ့ဒါ ဘာလဲဆိုတော့ များသော အားဖြင့် အချိန်ကြောင့်ပါ။ နာရီသာ 1080P 3 နာရီကို MP4 ဆိုရင် သေချာပေါက် 3GB နီးပါးရှိနေပါလိမ့်မယ်။

ကဲ အခုလောက်ဆိုရင် အားလုံး စိတ်ကျေနပ်လိမ့်မယ် လို့ ထင်ပါတယ် ဗျာ...


အားလုံးကို သတိထားစေချင်တာက အကြည်ဆိုတိုင်း Download မဆွဲ ဖို့ပါပဲ။ Movie ဇာတ်ကြောင်းပဲ သိချင်တယ်ဆိုရင်တော့ ရပါတယ်။ အရသာ ရှိရှိ ကြည့်ချင်တယ်ဆိုရင်တော့  ကျွန်တော် ပြောပြတဲ့ Movie Quality, Format နဲ့ Codec တွေကို သိရှိထားပြီးသား ဖြစ်ရပါမယ်။ ဒီတော့ အကြည်လို့ ပြောရင် ဘာFormat လဲ၊ Size ဘယ်လောက်လဲ၊ Video QualitY ဘယ်လောက်လဲ၊ Audio Quality ဘယ်လောက်လဲ ဆိုတာ အရင် သိအောင် လုပ်ပါ။ Screenshot ပြထားလားသေချာကြည့်ပါ။
ပြီးမှ ဒေါင်းပါ။ ကျွန်တော်တို့ Film Country က Movie ကို  ရောဗြွန်တင်တာ မဟုတ်ပဲ Professional ကျကျ Quality အလိုက်တင်ပေးတာ ဖြင်လို့  ဇာတ်လမ်းအကြောင်းသိချင်ရုံသော သူတွေ အတွက်သော်လည်းကောင်း၊ Movie ကို Quality ကောင်းကောင်းနဲ့ အရသာ ရှိရှိ ဇိမ်ခံ ကြည့်ချင်တဲ့
သူတွေ အတွက် သော်လည်းကောင်း အထူး ပင် သင့်တော် ပါကြောင်း ပြောပြ ပေးလိုက်ရပါတယ်။


နမူနာ အနေနဲ့ - RED 2 2013 DVDRip XviD [696.68 MB].mkv , Bounty Killer (2013) 720p BrRip x264 [753MB].mkv, Riddick 2013 WEBRIP X264 AC3 [1.6GB].mp4 စသည်ဖြင့် အခုလို Movie နာမည်ရယ် Quality ရယ် ၊ အသုံးပြုထာတဲ့ Audio Codec ရယ်၊ Filesize ရယ်၊
Site ထဲ သွားလည်လို့ Screen Shot ရယ် ပြထားမှ Download လုပ်သင့်ပါတယ်။ မဟုတ်ခဲ့ရင် မြန်မာနိုင်ငံ သူ၊ နိုင်ငံ သားများ အနေနဲ့ ဒေါင်းသော်လည်း ဒေါင်းရကျိုး မနပ် ဖြစ်တတ်ပါတယ်။ Adfly,adfocus တို့ကို တစ်ပုံတစ်လေကြီး ကျော်ရပေမဲ့ ကျော်ရကျိုးမနပ်
ရင် အဆင်မပြေပါဘူး။

ပြီးတော့ ဒေါင်းမဲ့ အချိန်ကိုလဲ အကြံပြုပေးချင်ပါတယ်။ ညအိပ်ခါနီးမှာ Movie ကို ဒေါင်းပါ။ မိမိ အင်တာနက် Connection ပေါ်မူတည်ပြီး အချိန်ကြာပေမဲ့ ကိုယ်က စောင့်နေစရာ မလိုတော့ဘူးပေါ့။ မနက်လဲနိုးရော ဒေါင်းအပြီး။ ကြည့်ရုံပဲပေါ့။ :D
အဲ့တော့ ဒေါင်းရကျိုးလဲ နှပ်၊ Movie ကို အကြည်လဲ ကြည့်ရ၊ Movie အကြောင်းစောစော သိရတော့သူများကို ပြန်ပြီး ကြွားလို့လဲ ရတာပေါ့ဗျာ..


ကဲ ဗဟုသုတ လောက်ပါပဲ.. ဖတ်ရှု ပေးတာ ကျေးဇူးပါ။ ကျွန်တော်လဲ စေတနာထားပြီး သိသလောက် တတ်သလောက် ရေးပေးထားပါတယ်။ တစ်ခါဖတ်လို့ နားမလည်ရင် နောက်တစ်ခေါက်ထပ်ဖတ်ကြည့်ပါ။ ပြီးရင် Copy ကူးပြီး သိမ်းထားပါ။
ကျွန်တော် ပြောတဲ့ အတိုင်း Movie တွေကို Quality အခြေအနေကိုကြည့် ဒေါင်းပါ Movie ဒေါင်းရကျိုးနပ်ပါလိမ့်မယ်..

အားလုံးကို ဗဟုသုတ အနေနဲ့ သိရအောင် မျှဝေပေးလိုက်ပါဦးနော် :)
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget