Moliboy Inc. မှ မိတ်ဆွေ အားလုံးတို့အတွက် Special Super Service အသစ်တစ်ခု တီထွင် တိုးမြင့်ခြင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMNz_rvCFCw8Tgsx74WVzwIMyewzNFLM7Fub10xxyEoqXHJVSfMRWbIzNA2YrT0wFagWHE7s7_yUoTuLaz4QTCaplqzd5BSOKOzx8nvRNLLyE3vQwtgZ_D9vN9k-eZ5N0qochYhXMSkJXY/ 

အားလုံးပဲ Torrent ဆိုတာကို ကြားဖူးကြမယ် ထင်ပါတယ်နော်။ နောက်ပြီး  Movie တွေ ၊ Applications တွေ စသည်ဖြင့် Torrent လုပ်ယူပြီး
ရှယ်နိုင်တာ အားလုံး သိမယ် ထင်ပါတယ်။
ရှင်းရှင်း ပြောရရင် တရားမ၀င် တာတွေရော တရားဝင်တာ တွေရော အားလုံး ရှိတဲ့ နေရာလေးပါပဲ။
Virus, Torjan တွေ အားလုံးလဲ့ ရှိနိုင်တဲ့ နေရာဆိုလဲ မမှားပါဘူး။ အဲ့ဒါကို မိမိက www.virustotal.com ကနေပြီး စစ်ဖို့ လိုအပ်ပါတယ်။

နာမည်ကြီး Torrent Site တွေကတော့

1)extratorrent.com ,
2)kat.ph,
3)1337x.org,
4)torrents.to,
5)torrentdownloads.net,
6)torrentreactor.net,
7)solarmovie.so,
8)torrent-finder.info တွေပါ။ သွားရောက် လည်ပတ်နိုင်ပါတယ်။

အဓိကပြောချင်တာကတော့ ကျွန်တော်တို့ Miloboy Inc. ကနေပြီးတော့ သူငယ်ချင်းတွေ၊ မိတ်ဆွေ တွေ အားလုံး အတွက် Zbigz Clone ကို တီထွင်လိုက်နိုင်ပြီ ဆိုတာပါပဲ။
Zbigz.com ကို Torrent အသုံးပြုသူတွေ အားလုံး သိမယ်လို့ ထင်ပါတယ်။ Torrent File တွေကို IDM နဲ့ ဒေါင်းလို့ ရအောင်လုပ်ပေးတဲ့ Website ပါ။

ကျွန်တော်တို့ Miloboy Inc. ကလည်း အဲ့ဒီလိုလေး တီထွင်လိုက်ပါပြီ။ အားနည်းချက် လေးတွေတော့ ရှိပါတယ်။ User Interface မရဘူး။ မိမိကိုယ်တိုင် လုပ်လို့ မရတဲ့ အားနည်းချက်လေးပါ။

ကျွန်တော့် အနေနဲ့ အဲ့ဒီကောင်လေးကို  Serverဖိုး ငွေအကုန်ခံ ၊ ၂ပတ် ကျော်လောက် နေ့မအိပ်၊ ညမအိပ်နဲ့ လျှောက်လုပ်ပြီး ရလာခဲ့ ပါတယ်။ အဲ့လိုလုပ်ဖို့ကလည်း ဟိုအရင်ကတည်းက ကျွန်တော့် အိပ်မက်လေးပေါ့ :)

အားလုံးနားလည်အောင် ဘယ်လိုလုပ်တာလဲ လို့ ပြောရရင်တော့ µTorrent Application ကို Server ပေါ် တင်ပြီး Run တဲ့ သဘောပါပဲ။

အဲ့ဒီတော့ Server ပေါ်ကနေ တိုက်ရိုက်ဒေါင်းတာဖြစ်တဲ့ အတွက် ၂မိနစ်၊ ၃မိနစ် အတွင်းမှာပဲ Server ထဲကို ဒေါင်းလို့ ပြီးပါပြီ။ အဲ့ဒါကိုမှ ကျွန်တော်ကနေပြီးတော့မှ Remote Upload နဲ့

နောက် Download Speed ကောင်းတဲ့ Host တစ်ခုမှာ တင်ပြီးတော့ ပြန်လည်မျှဝေပေးမှာပါ။ Movie မှ မဟုတ်ပါဘူး။ Torrent File တွေ အားလုံးကို ဒေါင်းပေးမှာပါ။

Service ခ ကတော့ Totally Free , ရာသက်ပန် Free ပါ။

ဒါပေမဲ့ ကျွန်တော်တို့ကို Server သူငယ်ချင်းတို့ အနေနဲ့ ကြော်ငြာ ကလစ် ပေးခြင်း၊

Website ထဲသို့ နေစဉ်ဝင်ရောက် လည်ပတ်ပေးခြင်း၊ ကြော်ငြာ ပေးခြင်းတို့နဲ့ ပြန်ပြီး ကူညီပေးရပါမယ်။ ကျွန်တော့် အနေနဲ့ လူချမ်းသာ မဟုတ်သလို၊ ငွေကြေးလဲ မပြည့်စုံပါဘူး။

ကျွန်တော့်ကို ကလစ် အဲ့ ကျွန်တော့် Website လေးကို နေ့တိုင်းလာရောက် ကြော်ငြာ ကလစ်ပေးခြင်းက မိတ်ဆွေ အတွက် အပန်းမကြီးဘူးလို့ ထင်ပါတယ်။

ကျွန်တော့် အနေနဲ့ ကြော်ငြာခ များများ ရရင်လဲ Dedicated Server အကြီးကြီး ၀ယ်ပြီး တခြား Host မှာ ပြန် မတင်တော့ပဲ Direct Download Link နဲ့ ချပေးမှာပါ။

ကျွန်တော်တို့ အနေနဲ့ ကျွန်တော့် သူငယ်ချင်းတွေရော၊ မိတ်ဆွေတွေရော အားလုံး အကူအညီ လာတောင်းတဲ့ လူတွေ အားလုံးကို 24 နာရီ ကူညီပေးသွားပါ့မယ်။

မိမိ ဒေါင်းလိုတဲ့ Torrent Link နဲ့တကွ၊ ဘယ်ဆိုဒ်ကနေ တင်ပေး စေချင်တယ် ဆိုတာကို ဖော်ပြပေး စေလိုပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ တခြား အဆင်ပြေတဲ့ Host ကနေ ပြန်တင်ပေးရင်လဲ စိတ် မဆိုးကြဖို့ တောင်းဆိုချင်ပါတယ်။

Movie တွေဆိုရင်တော့ မိတ်ဆွေတို့ အကူအညီတောင်းတဲ့ Host ကနေ ကျွန်တော် ပြန်လည် မျှဝေ ပေးချင်မှ မျှဝေပေးနိုင်မှာပါ။

ကျွန်တော့် Application ရဲ့ နောက်ထပ် အားနည်းချက်တစ်ခုက Folder လိုက် ဒေါင်းလို့ မရပါဘူး။ ဥပမာ- Folder တစ်ခုကို Torrent Link ဆောက်လိုက်တယ်။ အဲ့Folder လိုက်ပြန်ရှယ်တယ်ဆိုရင်

ကျွန်တော့်အနေနဲ့ မိတ်ဆွေ လိုချင်တဲ့ အရာကို ပဲ ပြောပြပေးစေလိုပါတယ်။ ဥပမာ - Folder ထဲမှာ Movie ရယ်, Sample Movie ရယ်, Text စာသားတစ်ချို့ရယ် ပါတယ်ဆိုပါစို့။ အားလုံးကို Download Link ချပေးလို့မရပါဘူး။

အဲ့ဒီအထဲကမှ မိမိ ဘာအလိုချင်ဆုံးလဲ အဲ့ကောင်လေးကို ပဲ ရွေးပြီး ကျွန်တော့် အနေနဲ့ ဒေါင်းပေးပါရစေ။

ပြီးတော့ အခု အချိန်မှာ ကျွန်တော့်မှာ ငွေ ပမာဏလဲ မရှိတဲ့ အတွက် လက်တည့်စမ်းရုံ VPS လေးပဲ လုပ်ထားတာဖြစ်လို့ Disk Space 35GB နဲ့ Bandwith 3TB သာ ရပါတယ်။

ဒါကြောင့် အားလုံးကို တစ်ပြိုင်ထဲ ၂၄ နာရီ ကူညီပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ကျွန်တော့် အနေနဲ့ CPU အကြီးကြီး Server အကြီးကြီး ၀ယ်နိုင်မှ အားလုံးကို တစ်ပြိုင်ထဲ ကူညီပေးနိုင်မှာပါ။

မဟုတ်ရင် အခုလိုဆို ကိုယ့် Server ကို DDos တိုက်နေသလို ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်ကို မိတ်ဆွေတို့ကို အကူအညီ တောင်းရတာပါ။ ကျွန်တော်တို့ Moliboy Inc. Website လေးဖြစ်တဲ့

www.share4mm.com မှာ လဲ Contact To Tech Milo Box မှာ မိမိ လိုအပ်တာကို အကူအညီ လာတောင်းလို့ရပါတယ်။ ကျွန်တော့်ကို Facebook မှာ မြင်ရင်လဲ အကူအညီတောင်းလို့ရပါတယ်။

ကျွန်တော့် အနေနဲ့ FullPremiumNowFree@gmail.com ကနေပြီးတော့ မှ Reply ပြန်ပေးပါ့မယ်။

Email ကို ဒါရိုက် Request ပို့ ပေးလဲ ရပေမဲ့ Website လေးရဲ Contact Form ကနေ အကူအညီတောင်းတာက ကျွန်တော့်ကို တစ်ခါထဲ ကူညီရာ ရောက်တယ်လို့ ထင်မိလို့ပါ။

တစ်ခါတစ်ခါ အားလုံးရအောင် Post အဖြစ်တင်ပေးပါ့မယ်။

အဲ့ဒါ ကတော့ မိမိ အပေါ်မှာ မူတည်ပါတယ်။ ဥပမာ - ကိုယ်က Private အတွက်ပဲ ဆိုရင် ကျွန်တော့် အနေနဲ့ Post အဖြစ် တင်မပေးတော့ပါဘူး။

အားလုံးကို တင်ပေးပါဆို ရင် တင်ပေးပါ့မယ်။ ကျွန်တော့် Blog မှာတင်ချင်လို့ ဆိုလဲ ကျွန်တော် Download Link ပေးလိုက်ပါ့မယ်။ မိမိ Blog မှာ တင်နိုင်ပါတယ်။


အားလုံး အဆင်ပြေပါစေ ဗျာ..... ကျွန်တော် အခု ပျော်နေပါတယ်/ မထင်မှတ်ပဲ စမ်းတာ ရသွားလို့ ပါ။ ^-^

မနက် ရော၊ ညရော ဒုက္ခ အပေးခံခဲ့ ရတဲ့ အကို အမတို့ကိုလဲ ကျေးဇူးတင်ပါတယ်လို့ ပြော်ကြားလိုက်ရပါတယ်။

ကျွန်တော့်ကို Click [အဲ့] ကျွန်တော့် Website က ကြော်ငြာလေးတွေ ကလစ်ပေးပါဦနော်... ကျွန်တော် Server အကြီးကြီးနဲ့ လုပ်ပေးချင်လို့ပါ။

ရှယ် ပေးပါဦးနော် ။

နောက်ပြီး အကယ်လို့ မိမိရဲ့ ©opyrighted file ဟာ Share တဲ့ အထဲမှာ ပါနေတယ် ဆိုရင်လဲ မရှယ်စေချင်ဘူးဆိုရင် FullPremiumNowFree@gmail.com ကို mail ပို့ပေးစေ လိုပါတယ်။
ကျွန်တော်တို့ မိတ်ဆွေရဲ့ File ကို ပြန်လည် မျှဝေခြင်းမှ ပိတ်ပေးပါ့မယ် ခဗျာ.......

လေးစားစွာဖြင့်  ;)
Steel Jelly [Miloboy Inc.]
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget