Health >> ကယ်လိုရီလုံးဝမစားခြင်းနှင့် လေ့ကျင့်ခန်းပိုလုပ်ခြင်း မည်သည်က ဝိတ်ပိုကျစေသလဲ
ကယ်လိုရီမစားသုံးခြင်းသည် လေ့ကျင့်ခန်းပြုလုပ်ခြင်းထက်ပို၍ ထိရောက်သော်လည်း အကယ်စင်စစ် ဝိတ်ထိန်းဖို့ ကိုယ်ကာယလေ့ကျင့် ခန်းလုပ်ခြင်းသည်လည်း အရေးကြီး သည့်အပိုင်းဖြစ်သည်။
၃၅၀ဝကယ်လိုရီသည် (၁ပေါင် (ဝ.၄၅ ကီလိုဂရမ်) ကိုယ်အလေး ချိန်နှင့်ညီမျှသည်။ အကယ်၍ တစ်ရက် လျှင် (၅၀ဝ)ကယ်လိုရီ လျော့သွား ပါက တစ်ပတ်လျှင် (၁) ပေါင် (၅၀ဝ ကယ်လိုရီ _ ၇ ရက် = ၃၅၀ဝ ကယ်လိုရီ)လျော့ကျပေမည်။
လူအတော်များများအဖို့ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကယ်လို ရီပမာဏကို ဖယ်ထုတ်ဖို့ ခဲယဉ်းသ ဖြင့် အစားအသောက်ကို ထိန်းစားရ ခြင်းကိုပါ ပြုလုပ်ရသည်။ သို့ဖြစ်၍ ကယ်လိုရီလျော့စားသကဲ့သို့ လေ့ကျင့် ခန်းလုပ်ခြင်းသည်လည်း ဝိတ်ကျဖို့ ကို များစွာအထောက်အကူဖြစ်စေ သည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ကယ်လိုရီလောင်ကျွမ်းစေသကဲ့သို့ ကယ်လိုရီကို ထိန်းပြီးစားသုံးခြင်း သည်လည်း ဝိတ်ကျမှုကို ဦးတည် စေသည်။
For More >> http://goo.gl/qlPZd0
ထူး
Health Updates Journal
Vol.2, No.36