ကင်ဆာတွေ၊ နှလုံးရောဂါတွေ ကာကွယ်ချင်ရင် မိမိကိုယ်မိမိ ဘာတွေ စားသောက်နေသလဲ စောင့်ကြည့်ဖို့တော့ လိုပါမယ်။ သုတေသန ပြုချက်များအရ သိရတာက နှလုံးသွေးကြော ပိတ်နေတာတို့၊ ကိုယ်ခန္ဓာဆဲလ်များ ကင်ဆာအဖြစ် ပြောင်းနေတာတို့ ဖြစ်နေပြီဆိုရင် ဦးနှောက်ရဲ့ အာရုံကြောမျှင်များ ဆက်သွယ် ဆောင်ရွက်ချက်တွေလည်း ထိခိုက်နိုင်နေပြီ ဆိုတာပါပဲ။ “ဉာဏ်ယဉ်ပြီး စားသောက်ပါ” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ဟာလည်း ယခုထက်ပိုပြီး ပြည့်စုံအောင် လုပ်ဖို့ လိုနေပြီဖြစ်ပါတယ်။ Tufts တက္ကသိုလ်ရဲ့အသက်အရွယ် အိုမင်းခြင်းဆိုင်ရာ အာဟာရ ဗေဒဌာနမှ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင် James Joseph က အခုလိုပြောပါတယ်။ “ဘုရားသခင်က အသီးအနှံတွေနဲ့ အသီးအရွက်တွေကို ဘာကြောင့် ဖန်ဆင်းခဲ့သလဲဆိုတာ ဘုရားသခင် သိပါတယ်” တဲ့။ ပြောရဦးမယ်- ကိုယ်ခန္ဓာဟာ နေ့စဉ်နှင့်အမျှ အစာအဟာရတွေ ချေဖျက်စုပ်ယူခြင်း၊ အစာအရဟာရမှ စွမ်းအင်ကို ပြောင်းလဲထုတ်ပေးခြင်း၊ အဆိပ်အတောက်တွေကို ချေဖျက်ခြင်းတွေကို လုပ်ဆောင်နေရတယ်။ ထိုလုပ်ငန်းစဉ်တွေမှ သိပ်ကိုကြောက်စရာ ကောင်းပြီး ဦးနှောက်ဆဲလ်တွေကို သေကြေစေတဲ့လွင့် မျောမော်လီကျူး (free radicals) များကို ထွက်ပေါ်စေပါတယ်။ အဲဒီလွင့်မျော မော်လီကျူးတွေကို ပြန်လည်သန့်စဉ်ဖို့ ဦးနှောက်နှင့် ကိုယ်ခန္ဓာက ဓာတ်တိုးဆန့်ကျင် သတ္တိရှိတဲ့ ဓာတ်ပစ္စည်းများကို အရေးတကြီး လိုအပ်ပါတယ်။ အသက်ကြီးလို့ ကိုယ်ခံအားစနစ်တွေ လျော့နည်းလာပြီဆိုရင် ဒီလွင့်မျော မော်လီကျူးတွေက သောင်းကျန်း ဖျက်ဆီးကြတော့တာပါပဲ။
ဒါပေမယ့် သိပ်စိတ်မပူပါနဲ့။ သိပ္ပံပညာရှင်တွေ ယုံကြည်ထားချက်အရ anti oxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ဆီးသီး၊ စပျစ်သီးနှင့် ဟင်းနုနွယ်
ပထမဆုံးအနေနဲ့ ဆားလျှော့၊ ဆီလျှော့ စားရပါမယ်။ အဆီမပါတဲ့ နွားနို့နဲ့နို့အမျိုးမျိုး
ကြက်သွန်ဖြူနဲ့ ပဲနို့ရည်
ကြက်သွန်ဖြူဟာ သွေးတိုးကို သိသိသာသာကြီး လျော့ကျစေတယ်လို့ သုတေသနပြုချက်များစွာက တွေ့ရှိခဲ့ကြပါတယ်။ အနံ့နံပါတယ်ဆိုတဲ့ အဲဒီကြက် သွန်ဖြူလေးက လူကိုလည်း ကျန်းမာစေပြီး သွေးကြောတွေကိုလည်း ပျော့ပြောင်းစေပါတယ်လို့ နွယ်မြက်သစ်ပင် ပညာရှင် Varro Tyles ပြောပြပါတယ်။ သူအကြံပြုထားတာက တစ်ရက်ကို ကြက်သွန်ဖြူ နှစ်တက်လောက်ကို ချက်ပြီး (သို့မဟုတ်) အစိမ်းစားပါ။ ဒါမှမဟုတ်ရင် 250 milligram ပမာဏရှိတဲ့ ကြက်သွန်ဖြူမှရတဲ့ ဆေးကို (၄) လုံးလောက်စားပါလို့ ပြောပါတယ်။ ဒီလိုပါပဲ ပဲနို့ရည်ကလည်း ကိုလက်စထရောကို လျော့ကျစေတယ်လို့ သုတေသနပြုမှု (၄၀) လောက်ကနေ သိရပါတယ်။ အဟာရဗေဒပညာရှင်နဲ့ ပဲနို့ရည် သုတေသီ Mark Messian ပြောတာက ပဲနို့ရည်မှာပါတဲ့ ဓာတ်ပစ္စည်းများဟာ သွေးကြောပိတ်စေတဲ့ LDL အဆီများ၊ ကိုလက်စထရောများနဲ့ oxidises များကို မဖြစ်အောင် စွမ်းဆောင်နိုင်တယ်လို့ ဖြစ်ပါတယ်။
ဗိုက်တာမင်ဆေးတောင့်
အသက်ကြီးရင်တော့ ဆေးကူရပါမယ်။ အရင်လိုလည်း မစားနိုင်တော့ဘူးလေ။ ဗိုက်တာမင် B-12 က သိပ်အရေးကြီးပါတယ်။ B-12 လုံလောက်အောင်ရရှိမှသာ ဦးနှောက်အာရုံကြော ပျက်စီးမှုကို ကာကွယ်နိုင်မယ်လို့ အာဟာဗေဒ ပညာရှင် Katherine Tucker က ပြောပါတယ်။ ဒါကြောင့် folic acid တို့ ဗိုက်တာမင် B အုပ်စုဝင်တို့ပါတဲ့ ဆေးကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး သုံးသင့်ပါတယ်။ ရေကညွတ်၊ ဟင်းနုနွယ်၊ လိမ္မော်သီးနဲ့ ပဲအမျိုးမျိုး၊ ကောက်ပဲသီးနှံတွေက folic acid ကြွယ်ဝပါတယ်။ ဒါပေမယ့် ဗိုက်တာမင် B-12 25-micrograms နဲ့ B-6 3-milligramsရရှိဖို့ ဗိုက်တာမင်ဆေးကိုတော့ သောက်သုံးသင့်ပါတယ်။ ဗိုက်တာမင် E ဆေးတောင့်ဖြစ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းကလည်း အခုပြောခဲ့တဲ့ ရောဂါများကို ကာကွယ်ပေးမှာပါ။
သူရကျော်
BY THE LIGHT OF MANDALAY (MDY A LIN)