Health >> သင့်ရဲ့အောင်မြင်မှုတွေကို အထောက်အကူပြုစေမည့် အစားအစာများ

Photo: Health Updates Journal
Vol.2, No.21
သင့်ရဲ့အောင်မြင်မှုတွေကို အထောက်အကူပြုစေမည့်  အစားအစာများ

၁.အလုပ်အင်တာဗျူးဖြေစဉ် - အလုပ်အင်တာဗျူးမဖြေမီ၌ အစာ ကြေလွယ်၍ အင်တာဗျူးဖြေစဉ် တစ်လျှောက်လုံး လိုအပ်သောစွမ်း အင်ကို ပေးနိုင်ပြီး ဖြေစဉ်၌ အူလမ်း ကြောင်းကို အနှောင့်အယှက်မပေး 

နိုင်မည့်အစာများကို စားသင့်သည်။ ယင်းအစာများမှာ အစိမ်းရောင်အ ရွက်များသောဟင်းသီးဟင်းရွက်များ၊ ပဲနို့၊ ဒိန်ချဉ်နဲ့အသားဓာတ်များကို  စားသင့်ပါတယ်။
၂.မကြာခဏဒေါသထွက်နေလျှင်- လေ့လာမှုတစ်ခုအရ Omega-3 Fatty acid နည်းနေပါက ဒေါသ ထွက်လွယ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် Omega-3 ကြွယ်ဝစွာ ပါဝင်တဲ့ငါးအမျိုးမျိုးဇင့်ဓာတ်ကြွယ်ဝ 

တဲ့အခွံမာသီးတွေနဲ့ လက်ဖက်စိမ်း ရေနွေးကြမ်းတို့ကို စားသုံးပေးသင့်ပါ တယ်။ 
၃. အရေးကြီးတဲ့ဆုံးဖြတ်ချက် ချ တော့မည်ဆိုလျှင်-အရေးကြီးတဲ့တစ် စုံတစ်ရာဆုံးဖြတ်ချက်ချတော့မည်ဆို လျှင် ဒိန်ချဉ်စားသုံးပေးသင့်ပါ တယ်။ ဒိန်ချဉ်က ဦးနှောက်ကို ကြည် လင်စေရုံသာမက စိတ်လှုပ် ရှားမှု လည်း 

လျော့နည်းစေပြီး ဒိန်ချဉ်တွင် ပါဝင်သောဇင့်နှင့်အိုင်အို ဒင်းတို့က ဦးနှောက်လုပ်ဆောင်မှုကို မြင့်တက် စေပြီး ဆုံးဖြတ်နိုင်စွမ်းရည်ကို မြင့် တက်စေပါတယ်။
၎.စာမေးပွဲဖြေစဉ် - စာမေးပွဲဖြေ စဉ်တွင် အခွံမာသီး၊ ငါး၊ ဒိန်ချဉ်၊ ကွေကာ၊ အသီးခြောက်နဲ့ဥအမျိုးမျိုး ကို စားသုံးခြင်းအားဖြင့် အာရုံပိုမို စူးစိုက်နိုင်ပြီး စွမ်းအင်ကိုလည်း လို သလောက် ဖြည့်ဆည်းပေးနိုင်ပါ တယ်။ 

သကြား၊ ကဖင်းနဲ့အယ်ကို ဟောပါဝင်တဲ့အစားအစာတွေကို တော့ ရှောင်ကြဉ်သင့်ပါတယ်။ ယင်း တို့က ဦးနှောက်ရဲ့လုပ်ဆောင်နိုင် စွမ်းရည်ကို ကျစေနိုင်ပါတယ်။
၅.ကိုယ်ဝန်ရရှိရန် - ကိုယ်ဝန်ရရှိဖို့ ဆိုရင်တော့ ကမာကောင်၊ ခုံးကောင် တွေက အကောင်းဆုံးပါပဲ။ ယင်းတို့ ထဲတွင်ပါဝင်သောြွကယ်ဝတဲ့ဇင့် ဓာတ်တွေက လိင်စိတ်ဓာတ်ကို မြင့် တက်စေနိုင်ပြီး အမျိုးသားရော 

အမျိုးသမီးတွင်ပါ မျိုးမအောင်ခြင်း ကို ကာကွယ်ပေးပါတယ်။ ထို့ပြင် ရေခဲမုန့်၊ အစိမ်းရောင်အရွက်များ၊ ဆယ်လမွန်ငါးနဲ့အခွံမာသီးတွေက မမျိုးဥြွေကမှုကို ပိုမိုအထောက်အပံ့ ဖြစ်စေပါတယ်။
၆.အားကစားလေ့ကျင့်ရာတွင် - အားကစားလေ့ကျင့်နေစဉ်အချိန် များတွင် အရောင်အသွေးစုံလင်တဲ့ အသီးအရွက်များဖြစ်တဲ့ငှက်ပျော၊လိ မ္မော်၊ ခရမ်းချဉ်၊ ဒေါက်ခွ၊ ဂေါ်ဖီ စတာတွေ စားပေးသင့်ပါတယ်။ ယင်းတို့က 

သက်လုံကောင်းစေရုံ သာမက  သင်ယူထားသည့်အတတ် ပညာများကို ပိုမိုမှတ်မိစေပါတယ်။

ဖိုးသောကြာ
ref:Medindia

Health Updates Journal
Vol.2, No.21
For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget