
အမျိုးသားများ၏ အချစ်စိတ် ကိုနိုးကြွစေသော ဆေးများတွင် Viagra မှာ လူသိများသော ဆေးတစ် မျိုးဖြစ်သည်။ အမျိုးသားများတွင် အသုံးများသကဲ့သို့ အမျိုးသမီးများ အတွက်ရော မရှိဘူးလားဟု မေးစရာ ရှိပေသည်။ လွန်ခဲ့သည့်နှစ် အနည်း ငယ်မှစ၍အမျိုးသမီး အားတိုးဆေး တစ်မျိုးဖြစ်သော lybrido သည် ဈေး ကွက်တွင်း တရားမဝင်ရောက်လာ ခဲ့သည်။
Viagra မှာ အမျိုးသားများ ဈေး ကွက်တွင် အောင်မြင်လာပြီးနောက် သိပ္ပံပညာရှင်များသည် ယင်းဆေးနှင့် အလားသဏ္ဍာန်တူဆေးဝါးကို အမျိုး သမီးများအတွက် တီထွင်ခဲ့ကြသည်။ ယခုဖော်ပြထားသည့် lybrido သည် ပူဒီနာနှင့် ဟော်မုန်းတက်စတိုစတီ ရုန်းကို ပေါင်းစပ်ထားခြင်းဖြစ်ပေ သည်။ ယခုဆေးဝါးသည် အမျိုးသမီး များ ဆန္ဒရှိသည့်အတိုင်း စွမ်းဆောင် နိုင်စေရန် အားပေးသည်။
အမျိုးသမီးများ၏ အချစ်စိတ် ဆန္ဒနည်းပါးနေခြင်းကို အားပေးနိုင် ရုံသာမက ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု များကိုလည်း ထိန်းညှိပေးနိုင်သည်။ ထို့ပြင် ဦးနှောက်တွင်း ဝယ်ဒိုပါမင်းဟော်မုန်းထွက်ရှိမှုကို အားပေးသဖြင့် ရမ္မက်ပြင်းထန်မှုကိုဖြစ်စေခြင်း၊ ချစ်ပွဲဝင်ချိန်တွင် အဆင်ပြေချောမွေ့ စေခြင်းများကို ဖြစ်စေသည်။ ထို့ ကြောင့် အိမ်ထောင်သက်ကြာ ရှည် သော အမျိုးသမီးများတွင် ဆန္ဒနည်း ပါးနေခြင်းကို သက်သာစေပြီး အိမ် ထောင်ရေးဘဝကို သာယာစေသည်။ lybrido ကို ချစ်ပွဲမဝင်မီ သုံးနာရီခွဲ အလိုတွင် သောက်သုံးပေးရန်လို အပ်သည်။
ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲစမ်း သပ်မှုများအရ ယခုဆေးဝါးတွင် ခေါင်းကိုက်ခြင်း၊ မျက်နှာအရေပြား ပူခြင်းတို့ကို အမျိုးသမီးအနည်းစုတွင် ခံစားရကြောင်းသိရသည်။ အမျိုး သမီးအများစုတွင် စမ်းသပ်သော large scale စမ်းသပ်ခြင်းတွင် အသုံး ဝင်မှုနှင့်အန္တရာယ်ကင်းမှုတို့ကို ထောက်ခံပေးနိုင်ခဲ့ကြောင်းသိရှိရ သည်။ lybrido ကို ဈေးကွက်အတွင်း သို့တရားဝင်ရောင်းချနိုင်ရန် ကြိုးပမ်း နေကြောင်း သိရှိရသည်။
For More Health >> http://www.fullpremiumnowfree.com/search/label/Medical
သက်နှင်း
ref;MedIndia
Health Update Journal