Health >> မျက်နှာအသားအရေ ကြည်လင်အောင်

Photo: Health Updates Journal
Vol.2, No.20
မျက်နှာအသားအရေ ကြည်လင်အောင်

	Microdermabrasion လို့ ခေါ်တဲ့ မျက်နှာပြုပြင်နည်းစနစ်ကို ဟောလိဝုဒ်အသိုင်းအဝိုင်းမှာတွင် ကျယ်စွာ အသုံးပြုလျက်ရှိပြီး နိုင်ငံတ ကာမှာလည်း တဖြည်းဖြည်းအသုံး များလျက်ရှိပါတယ်။ အဆိုပါနည်းစ နစ်ကိုအိုမင်းရင့်ရော်မှုချက်ချင်း လျှော့ချနိုင်တဲ့နည်းအဖြစ်ခေါ်ဆို လေ့ကြပြီး ပလတ်စတစ်ဆာဂျရီ ပြု လုပ်ခြင်းနှင့် ဘိုတောက်စ်ထိုးခြင်းများ ထက် ကုန်ကျစရိတ်ပိုမိုသက်သာပါ တယ်။
	အရေပြားမှstratum corneum လို့ခေါ်တဲ့ အပေါ်ဆုံးအလွှာ ကိုဖယ်ရှားပေးပြီး ဝက်ခြံအနာရွတ် များ၊ အညိုကွက်များ၊ နေလောင် ဒဏ်ရာများ၊ ပါးရေအတွန့်များကို ရှင်းလင်းပေးပါတယ်။ အလွန်သေး ငယ်သည့် ပုံဆောင်ခဲအမှုန်များ၊ စိန် မှုန် များအသုံးပြုပြီး အရေပြားအပေါ် ယံ အလွှာကိုဖယ်ရှားတာဖြစ်တာ ကြောင့် ဆေးထိုးရခြင်း၊ မေ့ဆေးဆ ရာဝန် အကူအညီယူရခြင်း မရှိပါ ဘူး။
	ထို့နောက်ဗိုက်တာမင်စီကို အရေပြားထဲထည့်သွင်းပေးပြီး နှိပ် နယ်ပေးတဲ့အခါ ဓါတ်တိုးဆန့်ကျင် (antioxidant) သတ္တိနှင့် ကော်လာဂျင်အမျှင်ဖြစ်ပေါ်စေတဲ့အာနိသင် များကြောင့်အရေပြားအိုမင်းမှုကို လျော့ကျစေပြီး တင်းတင်းရင်း ရင်းဖြစ်စေပါတယ်။
	Microdermabrasion နည်း ပညာဟာခွဲစိတ်ရန်မလိုဘဲအရေ   ပြား အိုမင်းမှုလျှော့ချပေးတာကြောင့် ပလတ်စတစ်ဆာဂျရီနှင့်ဘို တောက်စ်ထိုးခြင်းများနှင့် ယှဉ်လျှင် အန္တရာယ်နည်းပါးတဲ့ နည်းတစ်ခုပဲ ဖြစ်ပါတယ်။

ဇော်ကို
Source: DNAindia
<မျက်နှာအသားအရေ ကြည်လင်အောင်>

For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget