Health >> ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant)အကြောင်း တစေ့တစောင်း

Photo: Health Updates Journal
Vol.2, No.23
ဓာတ်တိုးဆန့်ကျင်ပစ္စည်း(antioxidant)အကြောင်း တစေ့တစောင်း

	ကျန်းမာရေးနှင့် ပတ်သက် သည့် မည်သည့်စာစောင်ကိုမဆို ကောက်ယူဖတ်ရှုကြည့်ပါက လှိုင် လှိုင်တွေ့ရမည့် စကားလုံးတစ်ခုမှာ antioxidant သို့မဟုတ် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းဆိုတာပါပဲ။ အဲဒီ တော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆို တာ ဘာလဲ။
	ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ထဲမှာ စားလိုက်တဲ့အစာကို ချေဖျက် ရာမှ ဖြစ်စေ၊ အရက်၊ ဆေးလိပ် စတဲ့ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အလေ့အကျင့်တွေကြောင့်ဖြစ်စေ ဖရီးရာဒီကယ်တွေများစွာ ဖြစ်ပေါ် လာပါတယ်။ ယင်း(Free radical )ဖရီးရာဒီကယ်များဟာ သူတို့မှာရှိတဲ့ နေရာလွတ်တစ်နေရာထဲသို့ ခန္ဓာ ကိုယ်အတွက် လိုအပ်သည့်အရာများ ကို သယ်ယူသွားပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များ ပျက်စီးခြင်းကို ဖြစ်စေပါ တယ်။ ခန္ဓာကိုယ်ထဲမှာ ဖရီးရာ ဒီကယ်တွေများလေ ဆဲလ်တွေကို ပို ဖျက်ဆီးလေ ဆဲလ်တွေ ပိုပျက်စီး လေ  ဖရီးရာဒီကယ်တွေပိုထွက်လေ နဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေရှိခဲ့ရင်တော့ ၄င်းတို့က ဖရီးရာဒီကယ်တွေအား ဆဲလ်တွေကို မဖျက်ဆီးမီ သူတို့ရဲ့ နေရာလွတ်မှာ ဝင်ပေါင်းလိုက်ပြီး အစွမ်းမဲ့စေပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ် ပါတယ်။ ဖရီးရာဒီကယ်များများလာ လျှင် ခုခံအားစနစ် တဖြည်းဖြည်း ကျဆင်းလာပြီး အိုမင်းရင့်ရော်ခြင်း နှင့်နာတာရှည်ရောဂါများကို ဖြစ်ပွား စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စ ည်းကြွယ်ဝသည့်အစာများမှာ သစ် သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ဘယ်ရီသီးများ ၊ အခွံမာသီးများ၊ ဝိုင်နီ၊ ချောကလက်အနက်၊ လက် ဖက်စိမ်းရေနွေးကြမ်းတို့အပြင် ဗီတာ မင်စီ၊ အီးကြွယ်ဝသည့်အစာများ ဖြစ်ကြသည်။ ထို့ပြင် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများကို ခန္ဓာကိုယ်က လည်း အလိုအလျောက် ထုတ်လုပ် ပေးနိုင်လေသည်။
ဖိုးသောကြာ
ref: health india

Health Update Journal
For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget