PayPal အကောင့်ဖွင့်ပြီး Online ပေါ်မှာ ၀င်ငွေ ရှာရန် အတွက် လိုအပ်ချက် တစ်ချို့ကြေညာခြင်း နှင့် မကြာခင် ထွက်ရှိတော့ မည်ဟု သတင်းကောင်းပါးခြင်း



ဧ<< PayPal is closing Ready 2 Roll Out ! >> အပြည့်အစုံ ဖော်ပြထားပါသည်}



အားလုံးပဲ မင်္ဂလာပါခဗျာ--

အားလုံး PayPal ကိစ္စကို နောက်ကျ နေပြီ လို့ ထင်နေကြ ပြီ လားမသိဘူးနော်--

အဲ့ အတွက် တောင်းပန်ပါတယ်နော်-- ကျွန်တော် Steel Jelly  အားလုံး အဆင် ပြေစေဖို့ အတွက် Research များ လုပ်နေသေးလို့ အခုလို့ လုပ်နည်း ထွက်မလာ သေးတာ တောင်းပန်ပါတယ်--

အစက တန်းထွက်မလို့ပဲ အားလုံးရေးပြီးနေပါပြီ-----

ဒါပေမဲ့ PayPal ကို မြန်မာနိုင်ငံက နေ ၀င်လို့ရတာ သိလိုက်ရတဲ့ အချိန်မှာ Member တွေ ပိုမို လွယ်ကူစွာ PayPal ကို အသုံးပြုနိုင်မလားဆိုပြီး

အဲ့ဒီဘက်ကို လိုက်ပြီး Research ဆက်လုပ်နေလို့ပါ---

PayPal အကောင့် နည်းက ရေးတာ မကြာ ပေမဲ့ လက်တွေ့ စမ်းသပ်ရတာ အချိန်ရော ငွေရော ကုန်ကျပါတယ် ဆိုတာ ကြိုတင် ပြောပြထားပါရစေနော်--

အားလုံးအတွက် ကျွန်တော် ငွေကုန်ကြေးကျ ခံပြီး စမ်းသပ်ပေးထားပါတယ်--

နောက်ဆုံး အဆင့်ကို ရောက်ပါပြီ-- ပြီးရင် ပစ္စည်း စမ်းဝယ်တဲ့ အဆင့်ကို ကျော်လွန်သွားပြီ ဆိုတာနဲ့

"PayPal အကောင့် ဖွင့်ပြီး Online ပေါ်မှာ ၀င်ငွေရှာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ Site တွေ ပေါ်လာပါ တော့မယ်---

အပိုင်း ၃ ပိုင်း ဒါမှ မဟုတ်ရင် ၄ ပိုင်း ပါပါ့မယ်-- သေချာ Screenshot နဲ့ သေချာ ရှင်းမှာမို့ အဲ့လောက် ရှိသွားပါတယ်--

ဒါပေမဲ့ PayPal ဖွင့်နည်းက အစ Online ပေါ်မှာ ၀င်ငွေ ရှာနိုင်တဲ့ အထိ Post တွေကို တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ တစ်ခုပြီး တစ်ခု Publish လုပ်ပေးသွားမှာပါ--

နောက်တစ်ပတ်လောက် အကြာမှာ PDF ထုတ်ပြီး ပြန်ဖြန့်ဝေပေးသွားပါမယ်--

ဒါနဲ့ အားလုံးကို ကြော်ငြာပေး စရာ ရှိပါသေးတယ် ခဗျာ--

ကျွန်တော် Research ကိစ္စရပ် တစ်ခုလုံးကို ကူညီ ပေးတဲ့ သူ ကျွန်တော့် နောက်မှာ ရှိပါတယ် ဆိုတာပါပဲ--- Sponsor လို့ ပြောရမှာပေါ့---

မြန်မာနိုင်ငံ မှာ Virtual Visa Card ကို

ရောင်းချတဲ့ ShweMoney Virtual Visa Card

{www.shwemoney.com} ရဲ့တာဝန်ရှိသူ တစ်ယောက်က ကူညီပေးထားပါတယ်--

သူက ကျွန်တော့်ကို PayPal အကောင့်ကို Verify လုပ်တဲ့ နေရာမှာ ShweMoney ရဲ့ Virtual Visa Card တွေကို ထဲ့အသုံး ပြုပေးဖို့ Sponsor ခ ဆိုပြီး 5သောင်း ပေးထားပါတယ်--

ကျွန်တော့် အတွက် သီးသန့်ပါ--

ဒါပေမဲ့ အဲ့ ဒီ 5 သောင်းနဲ့ ကျွန်တော် Research တွေ လုပ်နေပါတယ်--

အဲ့ဒါကြောင့်လဲ မကြာခင် PayPal အကောင့်ဖောက်ပြီး ငွေရှာဖို့ ကို မကြာမီ ထွက်တော့မယ် လို့ ပြောနိုင်တာပဲ ဖြစ်ပါတယ်--

ကျွန်တော့် ကိုယ်တိုင် ရှာရင် ၅သောင်းကို တစ်လ တစ်သောင်းပိုအောင်ရှာပြီး ၅လ လောက်ရှာ စုရမှာပဲ ဖြစ်ပါတယ်--
အဲ့လို ဆို ပိုလို့နောက်ကျ ကိန်းရှိတဲ့ အတွက်- ကျွန်တော့် ကို Sponsor ကြေး အဖြစ်ပေးတဲ့ 5သောင်းကို ထုတ်သုံးလိုက်ပါတယ်--
ဘယ်နေရမှာသုံးလဲ ဆိုရင် ကိုရန်နောင် စိုး အကူအညီနဲ့ PayPal ထဲကို ငွေလွဲကြည့်တယ် လွဲတာကတော့ Myanmar IP နဲ့ လက်ခံလို့ရနေတယ်ခဗျ-- ဒါပေမဲ့ Credit Card နဲ့ ချိတ်ရော Account ကျသွားပါတယ်-- :(

PayPal ထဲမှာ ရှိတဲ့ Money ပြောင်ပါလေရော-- သူလဲ မစားရ ကျွန်တော်လဲ မစားရ : $7 လောက် ပါသွားတယ် မြန်မာငွေနဲ့ဆို ၆၀၀၀ ကျော်ပေါ့ :(

အဲ့လို စမ်းရင်နဲ့ လက်ထဲတော့ 15000 ပဲ ကျန်ပါတော့တယ် အဲ့ကောင်လေးကို ကျွန်တော့် အတွက် ချန်ထားဖို့ စိတ်ကူးရှိပေမဲ့ ထပ်လိုလာရင် သုံးပစ်ဖို့ လုပ်ထားပါတယ်--

အခုတော့က PayPal ကို Visa Card မြန်မာ IP နဲ့ အောင်မြင်စွာ ချိတ်ထားပါပြီ--
နောက်လေးရက်နေရင် 4digit ပါတဲ့ Codeလာလို့ထည့်လိုက်ရင် Visa Card ကို အောင်မြင်စွာ ချိတ်ဆက် နိုင်ပါပြီ-- ပြီးရင် ပစ္စည်းစမ်းဝယ်ကြည့်မယ် ---ပစ္စည်းဝယ်တုန်းမှာ Account ကျ မသွာဘူး ဆိုရင်တော့ ဆက်လက်ပြီး သုံးလို့ရပြီလို့ မျှော်လင့်ရပါတယ်--


ကျွန်တော်ဒီကနေပဲ Visa Card ကို စမ်းသပ်ဖို့ မိမိအတွက် ငွေကြေးမယူပဲ အလကား ထုတ်ပေးခဲ့ တဲ့ ShweMoney ကို ကျေးဇူးတင် ရှိကြောင်း ပြောကြားလိုပါတယ်--

ကျွန်တော် Member တွေလဲ ကူညီတဲ့ အနေလဲ Shwe Money  Facebook Page ကို like မလုပ်ရသေးတဲ့ သူတွေ အောက်ကလင့်ကို ကလစ်ပြီး သွားရောက် Like နှိပ်ပြီး အားပေးစေချင်ပါတယ်နော်--

https://www.facebook.com/shwemoney


ကျွန်တော်အနေနဲ့ အရေးကြီးတဲ့ အချက်ကို တစ်ချက်ကို ပြောကြားရမှာကတော့ -

 >> Myanmar IP နဲ့ PayPal အကောင့် ဖောက်ထားတဲ့ သူတွေ Credit Card တွေ တစ်ခု မှ မချိတ်ပါနဲ့ ဦး အကောင့် က Limited ဆိုပြီး ဖြစ်သွားပါလိမ့်မယ်-- << ဆိုတာပါပဲ

PayPal ကို သုံးပြီး Online ပေါ်မှာ ၀င်ငွေရှာဖို့ အတွက် အနည်းဆုံး လိုအပ်ချက်ကတော့ >>
1) အင်တာနက်ရော ဖုန်းခေါ်လို့ရော ရတဲ့ iphone or android ဖုန်းတစ်လုံး လုံးရယ်

2)$50 ညီမျှတဲ့ Money ရယ် ရှိဖို့ပဲ လိုပါတယ်

 $50 လိုတာက Shwe Money ကနေ Virtual Visa Card လုပ်ဖို့ပါ--

တကယ်က $50 မရှိလဲ ငွေရှာလို့ရပါတယ်-- Online ပေါ်မှာ ငွေရှာဖို့က PayPal အကောင့် ရှိတာနဲ့ ရှာလို့ရပါပြီ-- ဒါပေမဲ့ ငွေပြန်ထုတ်ဖို့ကို ဘယ်ကနေ ထုတ်ရမှန်း မသိဖြစ်ပါလိမ့်မယ်

အဲ့အတွက် Shwe Money က ကူညီပါလိမ့်မယ်--

Shwe Money မှာလဲ PayPal အကောင့်ရှိပါတယ် သူတို့ကို ဖုန်းဆက် အကြောင်းကြားပြီးတော့ Money ကို Shwe Money ကို လွဲပေးပြီး Shwe Money ကနေတစ်ဆင့် မြန်မာနိုင်ငံ ဘဏ် ကနေ ပြန်ထုတ် လို့ရပါတယ်--

ဒါ့ အပြင် online ပေါ်မှာ PayPal ကိုသုံးပြီး Product တွေ Premium အကောင့်တွေ ( ဥပမာ- itune) ကနေပြီး ၀ယ်ချင်သေးတယ်ဆိုလဲ PayPal လိုပါတယ်-- ဒါအပြင် Verify လုပ်ပြီး ဖို့လဲ လိုပါတယ်--
အဲ့ အတွက် Visa Card or Card တစ်ကတ်ကတ်က လိုနေမှာပါပဲ--

ဒါကြောင့် Card ၀ယ်ဖို့ Money ကို စုခိုင်းထားရခြင်းပါ--

ရပြီဆိုတာနဲ့ ShweMoney မှာ Visa Card မ၀ယ်သေးပဲနဲ့ MyanPay ကိုသုံးပြီး ၀ယ်ပါမယ်--

တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ့ဗျာ--

အားလုံး ကြားဖူးကြမယ် ထင်ပါတယ်နော် -- ဂျာနယ်တွေထဲမှာ MyanPay ဆိုပြီးတော့လေ--

MyanPay အကောင့် ကလည်း PayPal လိုပါပဲ Online ပေါ်မှာ ပစ္စည်းဝယ် ငွေထည့်ကြိုက်တာ လုပ်လို့ရပါတယ်--

website လိပ်စာက www.myanpay.com.mm ပါ---

အခုလက်ရှိ MyanPay ကို သုံးပြီးတော့ Website တွေ မှာ ငွေပေးချေလို့ ရပါတယ်--

အခုလောလော ဆယ် MyanPay အသုံးပြုပြီး Online ပေါ်မှာ ငွေလက်ခံနေတဲ့ Website တစ်ချို့ကတော့

www.shwemoney.com  <<  Virtual Visa Card လျှောက်ထားနိုင်သည်--

www.mmskype.com  << မိမိ၏ Skype အကောင့်ကို ငွေဖြည့် ရန်Online ပေါ်မှ ၀ယ်ယူနိုင်သည်--

www.voipmyanmar.com << နိုင်ငံခြား ဖုန်းခေါ် ဆိုမှု အတွက် လိုအပ်သော အကောင့်များစွာ ၀ယ်ယူနိုင်သည်--

www.topup.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ဖြည့်နိုင်သည်--

www.worldwidemyanmar.com << Domain,Hosting စသည် Web ဆိုင်ရာများ ၀ယ်ယူနိုင်သည်--

www.besthostmyanmar.net << Hosining, VPS များ ကို Online ပေါ်မှ ရောင်းချပေးသည်--

www.prepaidcard.com.mm << ဖုန်းကတ်ကို Online ပေါ်တွင် ၀ယ်ယူ ငွေဖြည့်နိုင်သည်--

www.bestsslprovider.com << Online ပေါ်မှ SSL Certificate များကို ပြုလုပ်နိုင်သည်--

www.pfingotopup.com << Pfingo အကောင့်အတွက် ငွေဖြည့်သွင်းနိုင်သည်--

www.myanmarvps.com << Proxy များကို ၀ယ်ယူနိုင်သည်--

www.mobilestore.com.mm  << Online ပေါ်မှ Mobile ဖုန်း ၀ယ်ယူနိုင်ပါသည်--


စတဲ့ Website တွေမှာ MyanPay ကို အသုံးပြုပြီး ငွေလက်ခံ နေပါတယ်--

ဒါကြောင့် MyanPay အကောင့်ကလည်း မြန်မာနိုင်ငံ သားတွေ ရှိထားသင့် ပါတယ်---

MyanPay အကောင့် Verify ဖြစ်ဖို့ ကျ Credit Card မလိုပါဘူး သူ့အထဲကို ငွေငါးထောင် ထည့်ထား တာနဲ့ ရပါပြီ--

ဒီတော့ ကျွန်တော် လုပ်မဲ့ ပုံစံက MyanPay Account လဲ Activate ဖြစ်ပြီးသားဖြစ်သွားအောင် $50 ကို MyanPay ထဲထည့် ပြီးတာနဲ့  MyanPay ကနေ တ ဆင့် ShweMoney မှာ Visa Card ၀ယ်လိုက်တော့

PayPal လို သုံးလို့ရတဲ့ MyanPay အကောင့်လဲ သုံးလို့ရ -- Visa Card လဲရ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားပါမယ်--

နောက်တစ်ချက်က MyanPay ရဲ့ Secutiry က တအားမြင့်ပါတယ်-- ကျွန်တော်တော့ ကြိုက်တယ်
ဘာလို့လဲ ဆိုတော့ မိမိက MyanPay အကောင့်ထဲကို Log In ၀င်လိုက်ပေမဲ့ ၀င်သုံးလို့ မရသေးပါဘူး

SMS နဲ့ Log IN ၀င်မဲ့ Code ကို ဖုန်းကို ရောက်လာပါသေးတယ်-- အဲ့က Code ကို Website မှာ ရိုက်ထည့်မှာ MyanPay အကောင့်ထဲကို ၀င်ရောက်လို့ရပါတယ်--

ဒါကြောင့် MyanPay အကောင့်ထဲကို အသစ်လုပ်ကြမဲ့ ကိုကို မမတွေ မိမိကိုယ်ပိုင် ဖုန်းနံ ပါတ် တစ်ခုခုရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါရစေခဗျာ--

အားလုံးပဲ ကျေးဇူးတင်ပါတယ်ခဗျာ--
အခက်အခဲ ရှိလျှင် နားမလည် လျှင်
PayPal အကောင့် ဖော်ရာမှာ အကူအညီ လိုလျှင် Comment ပါနော်--
စိတ်ရှည် လက်ရှည် ဖြေကြားပေးပါ့မယ်--
ကျွန်တော် အတွက် အမြတ် အစွန်းဆိုတာက တော့ မြင်တဲ့ အတိုင်းပါပဲ ဘာမှ မရှိပါဘူး--
ကျွန်တော် က အမြတ်အစွန်းအတွက် လုပ်နေတာလဲ မဟုတ်ပါဘူး--
ငွေကုန်အကုန်အကျ ခံ ပြီး တော့ကို လုပ်ပေးနေတာပါ--
ပိုနေတဲ့ ငွေကိုလဲ Premium Account ၀ယ်တဲ့ နေရာမှာရယ်--
Proxy list တွေ ၀ယ်တဲ့ နေရာမှာ ရယ် ထပ်သုံး သွားပေးပါ့မယ်--

ကျွန်တော် ကြိုပြောထားပါရစေ အခုလို လုပ်ပေးတာက စေတနာနဲ့ လုပ်ပေးနေတာပါ--
ဘာအကျိုးမှ မျှော်ကိုး ပြီး လုပ်ပေးနေတာ မဟုတ်ပါဘူး--
အားလုံး အတွက် ကောင်းပါစေ ၀င်ငွေ ရှာ ကြပါစေ ဆိုတဲ့ စေတနာနဲ့ လုပ်ပေးနေတာ ဖြစ်လို့
စေတနာကို မစော် ကားပါနဲ့ လို့ ကြိုပြောထားချင်ပါတယ်--

ကျွန်တော့် အတွက် ဘာရလဲ လို့ မေးလာရင် အခုလက်ရှိ ရနေတာကတော့ ကျွန်တော် Exam အတွက် အပျက်ခံ ပြီး စာရေးပေးနေပါတယ်-- ကျွန်တော် ဒီလို Website ထောင်ပြီး စာတွေ ရေးနေတာကို ကျွန်တော့် ကောင်မလေး သိသွားလို့ "စာမကျက်ဘူး စာမေးပွဲ ကျမှာ ပဲ နင်နဲ့ မတွဲ တော့ဘူး" ဆိုတဲ့ ပြဿနာတော့ အကြီး အကျယ် တက်နေပါတယ်--
ကျွန်တော်လဲ ၀ါသနာ အရနဲ့ ကတိခံထားလို့ ကတိ မဖျက်တဲ့ လူစားမို့ ဆက်လုပ်နေတာ ပါ--

PayPal ကို သုံးပြီး ငွေရှာ တာပြီးရင် တော့ စာမေးပွဲက အရေးကြီးတဲ့ အတွက် Website ကို နားဖို့ စီစဉ်နေပါတယ်--

3rd MB ကျရင်တော့ ကျွန်တော်က ၀ါသနာ ပါတာမို့လို့ ပြန်လုပ်ဖို့ စိတ်ကူရှိပါတယ်လို့ ပြောရင်နိဂုံးချုပ်အပ်ပါတယ်--

အားလုံး အတွက် အကျိုးရှိစေရန် ရည်ရွယ်လျက်

Steel Jelly
Chief Editor of Full Premium Now Free
http://www.fullpremiumnowfree.com/2013/05/paypal-online.html

မှတ်ချက် -- မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြခွင့်ရှိပါသည်--
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget