ငါးနှစ်ကြာပြီဖြစ်သော်လည်း နာဂစ်မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသများတွင် လူမှုရေး၊ စီးပွားရေးများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေး

Photo: ငါးနှစ်ကြာပြီဖြစ်သော်လည်း နာဂစ်မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသများတွင် လူမှုရေး၊ စီးပွားရေးများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေး

နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ငါးနှစ်ပြည့်ပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသများတွင် လူမှုရေး၊ စီးပွားရေး အခြေအနေများ ပုံမှန်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးတွင် ရေလုပ်ငန်းများ၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများနှင့် ဆားလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှုထဲတွင် လယ်ယာလုပ်ငန်းမှာ မုန်တိုင်းတိုက်ခတ်မှုအပြီး ငါးနှစ်တွင် လေးနှစ်မှာ အရှုံးပေါ်ကြောင်း၊ အဓိက အရှုံးပေါ်ရခြင်းမှာ ပင်လယ်ရေ တိုးဝင်မှုအား တားဆီးရန် ရေငန်တားတာများ မရှိခြင်းနှင့် ဖျက်မိုးရွာသွန်းမှုကြောင့် ဖြစ်ကြောင်းနှင့် ရေငန်တားတာပတ်ပေးရန် လိုအပ်ကြောင်း နာဂစ်မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသည့် လပွတ္တာမြို့နယ် ရေဝေကျေးရွာမှ တောင်သူဦးလှမြင့်က ပြောသည်။

''အရင်ကတော့ ရေငန်တားတာ ရှိတယ်။ နာဂစ်နောက်ပိုင်း ပျက်ကုန်ပြီ။ အခုထိ တာပြန်မပတ်နိုင်ဘူး။ မုန်တိုင်းတိုက်ပြီးတာ ငါးနှစ်ရှိပြီ ဘယ်သူမှ လာမလုပ်ပေးဘူး။ တချို့လှူမယ့်အဖွဲ့တွေကတော့ လာလာကြည့်တယ်။ ပြီးရင်ပြန်ပြန်သွားတယ်။ အရင်တုန်းကတော့ လုပ်ငန်းတွေ အဆင်ပြေတော့ ကိုယ်ထူကိုယ်ထ လုပ်လို့ရတယ်။ ရေငန်ဝင်ရင် စပါးက ရိတ်လို့မရတော့ဘူး အကုန်ပျက်စီးကုန်တယ်။ စပါးကလည်း နှစ်တိုင်းလိုလို ရှုံးနေတော့ ဘယ်လိုမှ မလုပ်နိုင်ကြဘူး။ ကျွန်တော်တို့ တစ်ကျွန်းတည်း မဟုတ်ဘူး။ ကျွန်တော်တို့လို ဒုက္ခရောက်နေတဲ့ ကျွန်းတွေအများကြီးပဲ။ ဒီအတိုင်းဆိုရင် ဆက်ပြီးတောင့်ခံထားဖို့ မလွယ်ဘူး''ဟု ဦးလှမြင့်က ပြောသည်။

ယခင်နှစ်က လပွတ္တာမြို့နယ် တစ်ဝိုက်တွင် စပါးအထွက်နှုန်းမှာ ရေငန်ဝင်ရောက်မှုနှင့် ဖျက်မိုးရွာသွန်းမှုကြောင့် တစ်ဧကလျှင် ၁၂ တင်းမှ ၄၀ တင်းသာ ထွက်ကြောင်းနှင့် စပါးတင်းတစ်ရာလျင် ကျပ် ၂ သိန်း ၉ သောင်းမှ ကျပ် ၃ သိန်း ၃ သောင်းကြား ဈေးဖြင့်သာ အများဆုံး ရောင်းချခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ရေငန်ဝင်ရောက်သဖြင့် စပါးများ ပျက်စီးဆုံးရှုံးမှုများ ရှိသလို လပွတ္တာမြို့နယ်၏ ကုန်းတွင်းပိုင်းကျသည့် တာတွင်းရွာများသည် ဖျက်မိုးကြောင့် အရှုံးပေါ်ကြပြီး ဖျက်မိုးမရှိသည့်နှစ်၊ စပါးဈေး မနိမ့်သည့် နှစ်များတွင် အဆင်ပြေကြကြောင်း သိရသည်။

ထိုကဲ့သို့ လယ်ယာမြေ လုပ်ငန်းခွင်များတွင် အခက်အခဲများ ဖြစ်ပေါ်နေသလို ယခင်က ဖွံ့ဖြိုးတိုးတက်ခဲ့သော ရေလုပ်ငန်းများမှာလည်း မုန်တိုင်းတိုက်ခတ်မှုတွင် လုပ်ငန်းရှင် အများစုမှာ သေဆုံးသွားကြပြီး ကျန်ရှိနေသော လုပ်ငန်းရှင်များမှာလည်း ရင်းနှီးငွေ နည်းပါးသဖြင့် လုပ်ငန်းလည်ပတ်မှုတွင် တွင်ကျယ်ခြင်းမရှိဘဲ ရေလုပ်ငန်း အခြေအနေမှာ ယိမ်းယိုင်လျက်ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိရေးအတွက် ကမ်းဝေးငါးဖမ်းလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲတွင် နေထိုင်သူ ဦးတင်အုန်းက သုံးသပ်ပြောကြားသည်။

အရင်တုန်းကဆို ပစ္စည်းတွေ ပျက်ရင် ဒိုင်တွေဆီမှာ ပိုက်ဆံဖြစ်ဖြစ် ကိုယ်လိုအပ်တဲ့ ပစ္စည်းဖြစ်ဖြစ် ယူပြီးရင် ငါးရရင် ပြန်ဆပ် ဒီလိုပဲ လည်ပတ်လာတာ။ အခုက အဲဒီလို ကြိုတင်စိုက်ထုတ်ပေးမဲ့သူ မရှိတော့ တော်တော်ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ'' ဟု ဦးတင်အုန်းက ပြောသည်။

နာဂစ်မုန်တိုင်းခံ ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ၊ လူမှုဘ၀ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစိုးရအပြင် NGO အဖွဲ့များ၊ နိုင်ငံတကာ အစိုးရများ၏ အကူအညီများဖြင့် မုန်တိုင်းတိုက်ခတ်မှုအပြီး သုံးနှစ်ခန့်အထိ ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင် ထောက်ပံ့မှုများ မရရှိတော့ကြောင်းနှင့် NGO အဖွဲ့ အများစုမှာ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းများ ကျဆင်းလာမှု၏ နောက်ဆက်တွဲအဖြစ် မုန်တိုင်းဒဏ်ခံ ဒေသများဖြစ်သော ဖျာပုံ၊ ဘိုကလေး၊ ငပုတော၊ လပွတ္တာမြို့နယ်များမှ လူငယ်လူရွယ်များသည် အလုပ်အကိုင် ရှားပါးမှုကြောင့် နေရပ်စွန့်ခွာ၍ ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ တက်ရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ ထို့အပြင် မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်သူများ ရှိကြောင်းနှင့် အမျိုးသမီးများလည်း ရွှေ့ပြောင်းလုပ်ကိုင်မှုများတွင် ပါဝင်လာပြီး ရွှေ့ပြောင်းလုပ်ကိုင်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက်ရှိကြောင်း ငပုတောမြို့နယ် သင်္ဃန်းကုန်းကျေးရွာတွင် နေထိုင်သူ ဒေါက်တာအောင်ကျော်ဇောက ပြောသည်။

မုန်တိုင်းဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ မုန်တိုင်းဒဏ်ခံ Cyclone Shelter အလုံး ၅၀၊ School Cum Shelter ခြောက်လုံး စုစုပေါင်း ၅၆ လုံးနှင့် အသက်ကုန်းမြင့် Hillok ၁၇ လုံး ဆောက်လုပ်ပေးထားကြောင်းနှင့် ဆက်လက် တည်ဆောက်ပေးရန် ကျန်ရှိနေသေးကြောင်း အစိုးရပိုင်း တာဝန်ရှိသူများမှ ပြောကြားထားသလို ဒေသခံများမှလည်း ထပ်မံဆောက်လုပ်ပေးရန် တောင်းဆိုကြသည်။

''Cyclone Shelter ရှိတဲ့နေရာကိုသွားရင် ချောင်းသုံးချောင်း ဖြတ်ရမယ်။ ရွာမှာက လူဦးရေ ၇၀၀ ကျော်ရှိတယ်။ အရေးအကြောင်းဆို ပြေးဖို့မလွယ်ဘူး'' ဟု ရေဝေရွာမှ ဦးလှမြင့်က စိုးရိမ်တကြီးဖြင့် ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ တစ်သိန်းသုံးသောင်းကျော် သေဆုံးကာ လူဦးရေ ၁၁ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ငါးနှစ်အကြာတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ပေးထားသော်လည်း လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက်ရှိသည်။

(ဓာတ်ပုံ - ဧပြီလ ၃၀ ရက်နေ့က လပွတ္တာမြို့နယ် သင်္ဃန်းကြီးရွာဟောင်းတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် မိသားစုတစ်စုအား တွေ့ရစဉ်)
(ဓာတ်ပုံ - ဧပြီလ ၃၀ ရက်နေ့က လပွတ္တာမြို့နယ် သင်္ဃန်းကြီးရွာဟောင်းတွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သည့် မိသားစုတစ်စုအား တွေ့ရစဉ်)
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ငါးနှစ်ပြည့်ပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသများတွင် လူမှုရေး၊ စီးပွားရေး အခြေအနေများ ပုံမှန်သို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြစ်ဝကျွန်းပေါ် ဒေသဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးတွင် ရေလုပ်ငန်းများ၊ ပုစွန်မွေးမြူရေး လုပ်ငန်းများ၊ လယ်ယာလုပ်ငန်းများနှင့် ဆားလုပ်ငန်းများ ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုသို့ ပျက်စီးဆုံးရှုံးမှုထဲတွင် လယ်ယာလုပ်ငန်းမှာ မုန်တိုင်းတိုက်ခတ်မှုအပြီး ငါးနှစ်တွင် လေးနှစ်မှာ အရှုံးပေါ်ကြောင်း၊ အဓိက အရှုံးပေါ်ရခြင်းမှာ ပင်လယ်ရေ တိုးဝင်မှုအား တားဆီးရန် ရေငန်တားတာများ မရှိခြင်းနှင့် ဖျက်မိုးရွာသွန်းမှုကြောင့် ဖြစ်ကြောင်းနှင့် ရေငန်တားတာပတ်ပေးရန် လိုအပ်ကြောင်း နာဂစ်မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရသည့် လပွတ္တာမြို့နယ် ရေဝေကျေးရွာမှ တောင်သူဦးလှမြင့်က ပြောသည်။

''အရင်ကတော့ ရေငန်တားတာ ရှိတယ်။ နာဂစ်နောက်ပိုင်း ပျက်ကုန်ပြီ။ အခုထိ တာပြန်မပတ်နိုင်ဘူး။ မုန်တိုင်းတိုက်ပြီးတာ ငါးနှစ်ရှိပြီ ဘယ်သူမှ လာမလုပ်ပေးဘူး။ တချို့လှူမယ့်အဖွဲ့တွေကတော့ လာလာကြည့်တယ်။ ပြီးရင်ပြန်ပြန်သွားတယ်။ အရင်တုန်းကတော့ လုပ်ငန်းတွေ အဆင်ပြေတော့ ကိုယ်ထူကိုယ်ထ လုပ်လို့ရတယ်။ ရေငန်ဝင်ရင် စပါးက ရိတ်လို့မရတော့ဘူး အကုန်ပျက်စီးကုန်တယ်။ စပါးကလည်း နှစ်တိုင်းလိုလို ရှုံးနေတော့ ဘယ်လိုမှ မလုပ်နိုင်ကြဘူး။ ကျွန်တော်တို့ တစ်ကျွန်းတည်း မဟုတ်ဘူး။

ကျွန်တော်တို့လို ဒုက္ခရောက်နေတဲ့ ကျွန်းတွေအများကြီးပဲ။ ဒီအတိုင်းဆိုရင် ဆက်ပြီးတောင့်ခံထားဖို့ မလွယ်ဘူး''ဟု ဦးလှမြင့်က ပြောသည်။

ယခင်နှစ်က လပွတ္တာမြို့နယ် တစ်ဝိုက်တွင် စပါးအထွက်နှုန်းမှာ ရေငန်ဝင်ရောက်မှုနှင့် ဖျက်မိုးရွာသွန်းမှုကြောင့် တစ်ဧကလျှင် ၁၂ တင်းမှ ၄၀ တင်းသာ ထွက်ကြောင်းနှင့် စပါးတင်းတစ်ရာလျင် ကျပ် ၂ သိန်း ၉ သောင်းမှ ကျပ် ၃ သိန်း ၃ သောင်းကြား ဈေးဖြင့်သာ အများဆုံး ရောင်းချခဲ့ရကြောင်း သိရသည်။

ထိုကဲ့သို့ ရေငန်ဝင်ရောက်သဖြင့် စပါးများ ပျက်စီးဆုံးရှုံးမှုများ ရှိသလို လပွတ္တာမြို့နယ်၏ ကုန်းတွင်းပိုင်းကျသည့် တာတွင်းရွာများသည် ဖျက်မိုးကြောင့် အရှုံးပေါ်ကြပြီး ဖျက်မိုးမရှိသည့်နှစ်၊ စပါးဈေး မနိမ့်သည့် နှစ်များတွင် အဆင်ပြေကြကြောင်း သိရသည်။

ထိုကဲ့သို့ လယ်ယာမြေ လုပ်ငန်းခွင်များတွင် အခက်အခဲများ ဖြစ်ပေါ်နေသလို ယခင်က ဖွံ့ဖြိုးတိုးတက်ခဲ့သော ရေလုပ်ငန်းများမှာလည်း မုန်တိုင်းတိုက်ခတ်မှုတွင် လုပ်ငန်းရှင် အများစုမှာ သေဆုံးသွားကြပြီး ကျန်ရှိနေသော လုပ်ငန်းရှင်များမှာလည်း ရင်းနှီးငွေ နည်းပါးသဖြင့် လုပ်ငန်းလည်ပတ်မှုတွင် တွင်ကျယ်ခြင်းမရှိဘဲ ရေလုပ်ငန်း အခြေအနေမှာ ယိမ်းယိုင်လျက်ရှိကြောင်းနှင့် အလုပ်အကိုင် ရရှိရေးအတွက် ကမ်းဝေးငါးဖမ်းလုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် လိုအပ်ကြောင်း လပွတ္တာမြို့နယ်၊ ပြင်စလူမြို့နယ်ခွဲတွင် နေထိုင်သူ ဦးတင်အုန်းက သုံးသပ်ပြောကြားသည်။

အရင်တုန်းကဆို ပစ္စည်းတွေ ပျက်ရင် ဒိုင်တွေဆီမှာ ပိုက်ဆံဖြစ်ဖြစ် ကိုယ်လိုအပ်တဲ့ ပစ္စည်းဖြစ်ဖြစ် ယူပြီးရင် ငါးရရင် ပြန်ဆပ် ဒီလိုပဲ လည်ပတ်လာတာ။ အခုက အဲဒီလို ကြိုတင်စိုက်ထုတ်ပေးမဲ့သူ မရှိတော့ တော်တော်ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာ'' ဟု ဦးတင်အုန်းက ပြောသည်။

နာဂစ်မုန်တိုင်းခံ ဒေသများတွင် ပျက်စီးဆုံးရှုံးမှုများ၊ လူမှုဘ၀ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစိုးရအပြင် NGO အဖွဲ့များ၊ နိုင်ငံတကာ အစိုးရများ၏ အကူအညီများဖြင့် မုန်တိုင်းတိုက်ခတ်မှုအပြီး သုံးနှစ်ခန့်အထိ ပြုလုပ်ပေးခဲ့ပြီး လက်ရှိတွင် ထောက်ပံ့မှုများ မရရှိတော့ကြောင်းနှင့် NGO အဖွဲ့ အများစုမှာ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စီးပွားရေး လုပ်ငန်းများ ကျဆင်းလာမှု၏ နောက်ဆက်တွဲအဖြစ် မုန်တိုင်းဒဏ်ခံ ဒေသများဖြစ်သော ဖျာပုံ၊ ဘိုကလေး၊ ငပုတော၊ လပွတ္တာမြို့နယ်များမှ လူငယ်လူရွယ်များသည် အလုပ်အကိုင် ရှားပါးမှုကြောင့် နေရပ်စွန့်ခွာ၍ ရန်ကုန်ကဲ့သို့ မြို့ကြီးများသို့ တက်ရောက် အလုပ်လုပ်ကိုင်ကြကြောင်း၊ ထို့အပြင် မြ၀တီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့လည်း သွားရောက်သူများ ရှိကြောင်းနှင့် အမျိုးသမီးများလည်း ရွှေ့ပြောင်းလုပ်ကိုင်မှုများတွင် ပါဝင်လာပြီး ရွှေ့ပြောင်းလုပ်ကိုင်နှုန်းမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လျှက်ရှိကြောင်း ငပုတောမြို့နယ် သင်္ဃန်းကုန်းကျေးရွာတွင် နေထိုင်သူ ဒေါက်တာအောင်ကျော်ဇောက ပြောသည်။

မုန်တိုင်းဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ မုန်တိုင်းဒဏ်ခံ Cyclone Shelter အလုံး ၅၀၊ School Cum Shelter ခြောက်လုံး စုစုပေါင်း ၅၆ လုံးနှင့် အသက်ကုန်းမြင့် Hillok ၁၇ လုံး ဆောက်လုပ်ပေးထားကြောင်းနှင့် ဆက်လက် တည်ဆောက်ပေးရန် ကျန်ရှိနေသေးကြောင်း အစိုးရပိုင်း တာဝန်ရှိသူများမှ ပြောကြားထားသလို ဒေသခံများမှလည်း ထပ်မံဆောက်လုပ်ပေးရန် တောင်းဆိုကြသည်။

''Cyclone Shelter ရှိတဲ့နေရာကိုသွားရင် ချောင်းသုံးချောင်း ဖြတ်ရမယ်။ ရွာမှာက လူဦးရေ ၇၀၀ ကျော်ရှိတယ်။ အရေးအကြောင်းဆို ပြေးဖို့မလွယ်ဘူး'' ဟု ရေဝေရွာမှ ဦးလှမြင့်က စိုးရိမ်တကြီးဖြင့် ပြောသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ တစ်သိန်းသုံးသောင်းကျော် သေဆုံးကာ လူဦးရေ ၁၁ သန်းကျော် မုန်တိုင်းဒဏ်ခံခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကာ ငါးနှစ်အကြာတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ပေးထားသော်လည်း လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး အခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက်ရှိသည်။

From Eleven Media Group

This SIte Link >> http://www.fullpremiumnowfree.com/2013/05/narkit.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget