Mobile News >> ၁၆၉ ဒေါ်လာတန် ၇.၉ လက်မအရွယ် Acer Iconia A1 Tablet

Photo: ၁၆၉ ဒေါ်လာတန် ၇.၉ လက်မအရွယ် Acer Iconia A1 Tablet

Monday 7th May 2013

Iconia A1 Tablet အသစ်ကို (၁၆၉) ဒေါ်လာ ခန့်ဖြင့် စတင် ရောင်းချရန် Acer မှ ကြေညာခဲ့သည်။
 
သို့သော် ၄င်းဈေးနှုန်းမျိုးဖြင့် HP Slate 7၊ Lenovo IdeaTab A6000 နှင့် Kindle Fire တို့ကိုလည်း ဈေးကွက်တွင် ၀ယ်ယူ ရရှိနိုင်မည် ဖြစ်သည်။ Iconia A1 သည် ၀.၄၄ လက်မခန့်ထူကာ ၀.၉ ပေါင် လေးသော ထူထဲသည့် ပလတ်စတစ် ကိုယ်ထည်ဒီဇိုင်း ဖြစ်ပြီး ၊ အဖြူရောင် နောက်ကျောဖုံးဖြင့် ပြုလုပ်ထားသည်။ မျက်နှာပြင် အကျယ် (၇.၉) လက်မ ၊ 4:3 IPS display (1,024x768 pixels) နှင့် iPad Mini နှင့် အရွယ်အစားချင်း ၊ ရုပ်ထွက်ချင်း အတူတူပင် ဖြစ် သည်ကို တွေ့နိုင်သည်။ ထို့ကြောင့် PDF ဖိုင်များ ၊ အခြား e-books များ ဖတ်ရှုခြင်းကို ကောင်းစွာ ပြုလုပ်နိုင်မည် ဖြစ်ကာ စာရွက်တစ်ခု၏ အရွယ်အစားအတိုင်း ပြုလုပ်ထားသည်ကို တွေ့ရသည်။ quad-core 1.2GHz ပရိုဆက်ဆာ ၊ 1GB of RAM တို့ပါဝင်ကာ 8GB နှင့် 16GB ဗားရှင်းနှစ်မျိုး ရွေးချယ်စရာရှိမည် ဖြစ်သည်။
 
Iconia A1 Tablet ကို Android Jelly Bean 4.2 ဖြင့် မောင်းနှင်ထားပြီး 3G ၊ Wi-Fi နှင့် Bluetooth 4.0 အထောက်အပံ့များ ပေးနိုင်မည် ဖြစ်သည်။ မျက်နှာချင်းဆိုင် ကင်မရာသည် 0.3 megapixel ရှိပြီး ၊ 5 megapixels အရှေ့ဖက် ကင်မရာတို့ ပါရှိသည်။ microSD slot ပါဝင်ကာ နောက်ထပ် 32GB ထိ တိုးချဲ့နိုင်သည်။ Micro-USB နှင့် HDMI ports များလည်း ပါဝင်သည်။ Gyroscope နှင့် GPS အထောက်အပံ့များလည်း ပါဝင်မည် ဖြစ်သည်။
 
source: cnet
၁၆၉ ဒေါ်လာတန် ၇.၉ လက်မအရွယ် Acer Iconia A1 Tablet

Site link >> 
http://www.fullpremiumnowfree.com/2013/05/mobile-news-acer-iconia-a1-tablet.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget