Medical >> ယောဂကျင့်ပြီး ရေနွေးနွေးဖြင့်ချိုးခြင်းက အိပ်ပျော်စေနိုင်

ယောဂကျင့်ပြီး ရေနွေးနွေးဖြင့်ချိုးခြင်းက အိပ်ပျော်စေနိုင်

ယောဂကျင့်စဉ်ကို ကျင့်ပြီးပြီဆို ရင် ဒီအတိုင်းမနေပါနဲ့။ ရေနွေးနွေး လေးနဲ့ ရေချိုးပေးရင် ညဘက်အိပ် ပျော်မှာ အမှန်ပဲလို့ လေ့လာမှုတစ်ခု မှာ ဖော်ပြထားပါတယ်။ ဒီလေ့လာမှုကို ReDormin Sleep Study ကပြုလုပ်ပေးထားတာဖြစ်ပါတယ်။
သိရှိတာကတော့ ယောဂကျင့်ပေးခြင်းဟာ လူတစ်ယောက်ရဲ့ အိပ်စက်မှုကာလမှာ ၆၄မိနစ်ပိုမိုစေပြီး ရေနွေးလေးနဲ့ ရေချိုးပေးရင်တော့ အချိန်ပို၆မိနစ်လောက် ပိုအိပ်ပျော် စေတယ်လို့ဆိုပါတယ်။ ယောဂကျင့်ပြီး ရေနွေးနဲ့ ချိုးပေးခြင်းဟာ ကိုယ် ခန္ဓာမှာရှိသင့်တဲ့အပူချိန်ကို ထိန်းညှိ ပေးပြီးအိပ်ပျော်စေတာပါ။
Beenleigh Yoga Studio မှ Janneen Davidsonက ယောဂကျင့်စဉ်ဟာ အက်ဒရီနယ်လင်နဲ့ ကော်တီ စော ဟော်မုန်းပမာဏတွေကို ထိန်းညှိပေးနိုင်တယ်လို့ဆိုပါတယ်။

ယောဂကျင့်စဉ်ဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှုတွေကို မြင့်တက်စေပါတယ်။ ယောဂကျင့်စဉ်တွေဟာ ကြွက်သားတွေကို ပျော့ ပြောင်းစေခြင်း၊ ခွန်အားကိုမြှင့်တင် ပေးနိုင်ခြင်းနဲ့ အာရုံကြောစနစ်ကို ဟန်ချက်ညီစေခြင်းတွေကို ခံစားရပါ တယ်။ ယောဂကျင့်စဉ်အပြီးရေနွေးနဲ့ ရေချိုးအိပ်လိုက်ရင် နောက်တစ်နေ့မှာ လန်းဆန်းစေရုံသာမကဘဲ အသက်ရှူရတာလည်း ပိုကောင်းလာတယ်လို့ Australian School of Meditation and Yoga ထုတ်ပြန် ထားပါတယ်။

FPNF Thanks To
သက်ကို
Ref: ANI
Health Updates Journal
Vol.2, No.17

 Site Link >> http://www.fullpremiumnowfree.com/2013/05/medical15.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget