Medical >> အစေ့အဆန်များ (Nuts)ရဲ့ ကျန်းမာရေးအာနိသင်

အစေ့အဆန်များ (Nuts)ရဲ့ ကျန်းမာရေးအာနိသင်

၁။ ဆီးချိုသွေးချို ဝေဒနာရှင်တွေမှာ အသုံးဝင်ပါတယ်
- အစေ့အဆန်တွေ မှာပါဝင်တဲ့ မပြည့်ဝဆီတွေဟာ ကာ ဗိုဟိုက်ဒရိတ်ကို ဖယ်ရှားနိုင်တဲ့အတွက် ဆီးချိုကုထုံးတွေမှာ အသုံးဝင်ပါတယ်။ နောက်ပြီး HDLကို လက်စတီရောကို ထိန်းသိမ်းပေးနိုင် ပါတယ်။ Diabetes Care Journal မှာဖော်ပြထားချက်အရ တစ်နေ့ကို အစေ့အဆန်နှစ်အောင်စ (၅၆ဂရမ်)စားသုံးပေးရင် ဆီးချိုသွေးချိုဖြစ်ပွားမှုမှာ အရေးပါတဲ့ ကစီဓာတ်တွေကို ဖယ်ရှားပေးရုံသာမက ဂလူးကို့စ်ထိန်း ချုပ်မှုကိုပါလုပ်ဆောင်ပေးနိုင်ပါတယ်။

၂။ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်
- ဗာဒံစေ့၁၀၀ဂရမ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အီးရဲ့ ၁၃၁%၊ အမိုင်နိုင်အက်ဆစ်၂၅၀၀ မီလီဂရမ် ထောက်ပံ့ပေးနိုင်ပါတယ်။ ဗီတာမင်အီးဟာ သွေးကြောတွေထဲ မှာ သွေးခဲပိတ်ဆို့မှု မဖြစ်စေတဲ့အ တွက် ရင်ဘတ်အောင့်ခြင်း၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ နှလုံးရုတ် တရက် တိုက်ခိုက်ခြင်းတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီးပါဝင်တဲ့ L-arginine ကလည်း သွေးခဲလေးတွေကို ပျော်စေပြီးနှလုံးသွေးကြော မာကြောခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ နောက်ပြီး အစေ့ အဆန်တွေမှာပါဝင်တဲ့ ဆိုဒီယမ်နည်း ပါးမှုနဲ့ ပိုတက်စီယမ်မြင့်တက်နေမှုက သွေးတိုးရောဂါကို ကာကွယ်ပေးနိုင် ပါတယ်။

၃။ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးပါတယ်


- မပြည့်ဝတဲ့အဆီနဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်မှုက ဆီးကျောက်ဖြစ်ပေါ်လာခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ တစ်ပတ်ကို အစေ့အဆန် ငါးကြိမ်ထက်မနည်း စားသုံးပေးခြင်း ဟာ ဆီးကျောက်တည်ခြင်းကြောင့် ခွဲစိတ်ရမယ့်အခွင့်အလမ်း ၂၅%ကျ ဆင်းစေနိုင်ပါတယ်။ အမေရိကန် Epidermiology ဂျာနယ်မှာဖော်ပြထားမှုအရ nutsတွေကို စားသုံးပေးတဲ့အမျိုးသားတွေဟာ ဆီးကျိတ် တည်ခြင်းကနေ ၃၀%လျော့ကျစေ တယ်လို့ ဆိုပါတယ်။

၎။ ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ နဲ့ ကင်ဆာကိုကာကွယ်စေတဲ့ ပစ္စည်း တွေကြွယ်ဝစွာပါဝင်နေပြီး tocopherol ပါဝင်နေတဲ့အတွက် ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ အူမကြီးကင်ဆာနဲ့ စအိုကင်ဆာတွေကို ကာကွယ်နိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ မြေထဲပင်လယ် အစားအစာတွေမှာ အစေ့အဆန်တွေ ကြွယ်ဝစွာပါဝင်ပြီး ယင်းအမျိုးသမီးတွေမှာ သားအိမ် ကင်ဆာတစ်မျိုးဖြစ်တဲ့ endometrial cance ဖြစ်ပွားမှုနှုန်းလျော့ပါးတယ်လို့ သုတေသနများစွာမှာ ဖော် ပြထားပါတယ်။

၅။ မျက်စေ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ပါတယ်
- အသက်ကြီးလာရင် ဖြစ်ပွားတတ်တဲ့ မျက်စိမှုန်ခြင်းကို အစေ့အဆန်တွေ စားသုံးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့လေ့လာမှုအရ အသက်၆၀အရွယ် သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ ရေ တိမ်စွဲခြင်းကို အစေ့အဆန်တွေစား သုံးပေးခြင်းကလျော့ပါးစေနိုင်ပါ တယ်။
အစေ့အဆန်ဆိုရာမှာ မြေပဲ၊ နှမ်း၊ သစ်ကြားစေ့၊ နေကြာစေ့စတဲ့ အသီးအနှံတွေကို ဆိုလိုပါတယ်။

FPNF Thanks To
သက်ကို
Ref: PTI
Health Updates Journal
Vol.2, No.17

Site link >>
http://www.fullpremiumnowfree.com/2013/05/medical-nuts.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget