IT News >> ပထမဆုံး Apple ကွန်ပျူတာ၏ လေလံဆွဲတန်ကြေး အဆမတန်တက်လာ
|
ပထမဆုံး Apple ကွန်ပျူတာ၏ လေလံဆွဲတန်ကြေး အဆမတန်တက်လာ |
iPhone, iPad, Macbook အစရှိသောထုတ်ကုန်များနှင့် ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီအဖြစ်ရပ်တည်လျက်ရှိသော
Apple ကုမ္ပဏီ၏ ပထမဆုံးကွန်ပျူတာဖြစ်သော Apple-1 (Apple I
ဟုလည်းလူသိများကြသည်) ၏လေလံတန်ကြေးများ အဆမတန်မြင့်တက်လာလျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သော ဆယ်နှစ်က အမေရိကန်ပြည်ထောင်စု၊ ဆီလီကွန်တောင်ကြားတွင် ကျင်းပပြုလုပ်ခဲ့သော ကွန်ပျူတာအဟောင်းရောင်းပွဲတစ်ခုတွင်
တန်ကြေးဒေါ်လာ ၂၀၀၀ ဖြင့်ရောင်းထွက်ခဲ့သော Apple-1 သည် ပြီးခဲ့သောနှစ်
နိုဝင်ဘာလက ကျင်းပခဲ့သော ဂျာမနီလေလံပွဲတစ်ခုတွင် ဒေါ်လာ ၆၄၀၀၀၀ ဖြင့်
လေလံတင်ရောင်းချနိုင်ခဲ့သည်။ အဆိုပါလေလံတန်ကြေးမှာ ယခင်က ဒေါ်လာ ၃၇၄၅၀၀ သာရှိခဲ့ရာမှ တက်လာခဲ့ခြင်းဖြစ်သည်။
Apple-1 ကို ၁၉၇၆ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ထိုစဉ်က ရောင်းဈေး ၆၆၆.၆၆
ဒေါ်လာ (ယနေ့ခေတ် ဒေါ်လာတန်ဖိုးအရ ဒေါ်လာ ၂၇၀၀ ခန့်) သာရှိခဲ့သည်။
ထိုစဉ်ကတည်းက အလုံးရေ ၂၀၀ ခန့်သာထုတ်ခဲ့ကြောင်း၊ လက်ရှိတွင် ၄၆
လုံးထက်မပိုသော အရေအတွက်သာ မူလအခြေအနေအတိုင်းကျန်ရစ်တော့ကြောင်း သိရသည်။
Apple-1 ကို ကုမ္ပဏီ၏ အောင်မြင်မှုသမိုင်းကြောင်းသက်သေအဖြစ် ၀ယ်ယူစုဆောင်းနေကြခြင်းဖြစ်ကြောင်း လေလံပွဲကျင်းပသူများက ဆိုသည်။
မင်းညီညီချမ်း
DL Tech Club
-
Javascript DisablePlease Enable Javascript To See All Widget