![]() |
သကြား၊ သံလွင်ဆီနှင့် လက်များ ကို နူးညံ့အောင် ချေးချွတ်နည်း |
လက်ကိုရေနှင့်ဆပ်ပြာ မကြာခဏထိရ၍ဖြစ်စေ၊ အလုပ်ကြမ်းကြောင့်ဖြစ်စေ၊ အသက်အရွယ် အရဖြစ်စေ လက်များခြောက်သွေ့ကြမ်းတမ်းပြီး ရော့ရဲလာပါက အပေါ်ယံအရေပြားများ အမြန်ဆုံး နည်းနှင့်နူးညံ့လာအောင် သံပရာသီး (၁)ခြမ်းနှင့်သံလွင်ဆီကို ရော၍ နေ့စဉ်(၁)မိနစ်ခန့် လိမ်းထားပါ။ ဤ သို့လိမ်းပြီး (၁)ပတ်အကြာတွင် သကြားစားပွဲဇွန်း(၂)ဇွန်းစာခန့် လက်ဝါးထဲ ထည့်ပါ။ ထို့နောက် သကြားနှင့်ဆတူရှိသည့် သံလွင်ဆီကို လက်ဝါးထဲတွင် ရောထည့်ပါ။ သံလွင်ဆီအပြင် အုန်းဆီကိုလည်း အသုံးပြုနိုင်သည်။
ရောထားသောသကြားနှင့် သံလွင်ဆီကို လက်နှစ်ဖက်လုံး၊ လက်မောင်းမှ လက်ဖျား၊ လက်သည်းအထိ ကြမ်းသောနေရာ၊ အသားမာတက်သောနေရာများတွင် အသားထဲစိမ့်အောင်ပို၍ ပွတ်လိမ်း ပေးပါ။ ခြေထောက်များကိုလည်း အလားတူလုပ်ပေးနိုင်ပါသည်။ ပြီးလျှင်ရေနှင့်ဆေးချပြီး မိမိနှစ်သက်ရာ အသားလိမ်းဆေးရည်(Lotion)ကို လိမ်းခြင်းဖြင့် နုပျိုချောမွေ့သောအ သားအရေကိုရရှိလာပါလိမ့်မည်။
TKDHealth Updates Journal
Vol.2, No.18
Fo More Health >> http://www.fullpremiumnowfree.com/search/label/Medical