iPhone ကိုင်တဲ့တချို့ တချို့ သောသူတွေပေါ့
ကျွန်တော်သတိထားမိတာကြာပါပီ။
Screen ကိုပိတ်ရင် power ခလုတ်နဲ့  ပိတ်တဲ့သူတွေ
ခနာ့ခနာ့တွေ့ နေရတယ်။
ရေရှည်ဆို power ခလုတ်တွေပျတ်ဆီးနိုင်ပါတယ်။
အဲ့လိုမဖြစ်အောင်
iphone တွေမှာ JB လုပ်ပီးကတည်းက ပါလာတဲ့
activator ကိုသုံးကြပါလို့ ညွှန်းချင်
ပါတယ်။ဒီပို့ စ်က activator သုံးနည်းမသိသေးတဲ့သူတွေကိုရည်ရွယ်ပါတယ်။
သိပြီးတဲ့သူတွေအတွက်တော့အပိုပေါ့။
ကဲ....စကားလေးတွေလျှော့ပီး အလုပ်လေးနဲ့ သက်သေပြရအောင်။
1-setting ထဲက activator ကိုဖွင့်လိုက်ပါ။
2-at home screen ဆိုတာကိုရွေးပါ။
3-အဲ့ထဲက icon pinch ဆိုလေးကိုထပ်ရွေးလိုက်ပါ။(or)icon spread ဆိုလေးကိုထပ်ရွေးလိုက်ပါ။
icon pinch ဆိုတာ လက်နှစ်ဖက်ကို sreen ပေါ်ကတစ်နေရာရာမှာ စုစည်းတာကိုဆိုလိုတာပါ။(photo zoom ချုံ့ သလိုပေါ့)
icon spread ဆိုတာလဲရွေးလို့ ရပါတယ်။အဲ့ကောင်က photo zoom ချဲ့ သလိုပုံစံပေါ့။
ကိုယ်ကြိုက်တဲ့ Style ရွေးလို့ ရပါတယ်။
4-ပြီးရင် Lock device ဆိုတာကိုရွေးပါ။
5-Home screen ကိုသွားပြီး
Icon pinch သုံးတဲ့သူတွေက screen
ပေါ်မှာ photo zoom ချုံသလိုလက်နှစ်ဖက်နဲ့  စုစည်းလိုက်ရင် power ပိတ်သွားပါလိမ့်မယ်။
Icon Spread သုံးတဲ့သူတွေက screen
ပေါ်မှာ photo zoom ချဲ့ သလိုလက်နှစ်ဖက်နဲ့  ချဲ့ လိုက်ရင် power ပိတ်သွားပါလိမ့်မယ်။
တစ်ခုသတိထားရမှာက home screen က icon တွေပေါ်မှာ icon pinch ဖြစ်ဖြစ်
icon spread ဖြစ်ဖြစ် သုံးရင် ပထမလက်နဲ့ ထိလိုက်တဲ့ icon ကမဲသွားတက်ပါတယ်။
အဲ့လိုမဖြစ်အောင် ပထမလက်နဲ့  home screen က icon တွေလွတ်တဲ့နေရာကို
အရင်ထိပြီးမှ ဒုတိယလက်နဲ့  ကြိုက်တဲ့ နေရာကိုထိပြီး(icon တွေလဲထိလို့ ရပါတယ်။) ချုံ့ တာဖြစ်ဖြစ် ချဲ့ တာဖြစ်ဖြစ် လုပ်ပါ။
တကယ်လို့ မတော်တဆ လက်နဲ့ ထိမိလို့  icon တွေမည်းသွားခဲ့ရင် မည်းသွားတဲ့ icon ထဲကိုဝင်ပီးပြန်
ထွက်လိုက်ပါ။အဲ့ဒါဆိုနဂိုတိုင်းပြန်ဖြစ်သွားပါလိမ့်မယ်။
အဲအဆင့်တွေပီးသွားပီဆိုရင်တော့ mission ပြီးဆုံးသွားပါပီ :-D။အဆင်ပြေပါစေ။ From Ko AmyoKaungTharr !