How to >> Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ :)

Android ဖုန်းတွေမှာ ဘာလို့ Log Out ခဏခဏ ဖြစ်လဲ? ကဲ ဖြေရှင်းကြစို့ :)

FB Page ထဲမှာ Bro တစ်ယောက်က ဖွဘုတ်ကြီး ခဏခဏ Log Out ဖြစ်နေလို့ ဆိုပြီး ဘိုလုပ်ရမလဲ ဆိုလို့ ပါ-- အခုတော့ အဲ့လို Log Out ခဏခဏ မဖြစ်အောင် လုပ်နည်းလေး တင်ပေးလိုက်ပါပြီနော်

ကျွန်တော် သိတာနည်းနည်း ကြာပါပြီ သေချာ မသေချာ စမ်းကြည့်နေလို့ပါ-- နောက်ဆုံးတော့ အဖြေထွက်လာခဲ့ပါပြီဗျာ--

ဘာလို့ Log Out ဖြစ်တာလဲ လို့ အဖြေရှာကြည့်တဲ့ အခါ အားလုံးနားလည်အောင်ပြောရရင် Connection မကောင်းလို့ပါ-- FB ကို တစ်ခါ ဖွင့်တိုင်း Security Data ကို Server ကို လှမ်းလှမ်းပြီး ပို့ပေးရပါတယ်--တစ်ခါ Log In ၀င်ပြီးတော့ တစ်သက်လုံး ထိုင်သုံးလို့မရပါဘူး။ FB Application ကို ပထမ တစ်ခါ စပြီး Log in ၀င်မှ မဟုတ်ပါဘူး ခဏ ထွက် ပြန်ဖွင့် လည်း Security Data လှမ်းတောင်းနေပါတယ်--
{အခုနောက်ပိုင်းမှ ထပ်တိုးလာတဲ့ Security ဖြစ်ပါလိမ့်မယ်}

အဲ့ မှ ကွိုင်တာက မိမိရဲ့ Connection က ကျနေ တာပါ--
ဥပမာ အလုံခန်းထဲ ရောက်နေတာမျိုးတို့။ Data တွေ မသွားတာ မျိုးတို့ ဖြစ် တတ်ပါတယ်။ လူပိန်းလိုပြောရင်တော့ Data တစ်နေတာပေါ့နော်--
မြန်မာနိုင်ငံ မှာ အများဆုံးဖြစ်ပါလိမ့်မယ်--
ကျွန်တော် ကိုယ်တိုင် Fiber လိုင်းသုံးနေတာ တောင် နေ့တစ်ပိုင်းကို တစ်ခါလောက် ရပ်ရပ်သွားတဲ့ အဖြစ်မျိုးပါ-- သုံးရင်တန်းလန်းနဲ့ လိုင်းပြုတ်ပြီး Caution Mark ပေါ်လာတာက အတော်ကို စိတ်ညစ်ရပါတယ်

အားလုံးပဲ ဖြစ်ဖူးကြမယ်ထင်ပါတယ်--
မိမိ Mobile Phone နဲ့ Laptop က အင်တာနက်ကို သုံးတဲ့ အခါမှာ ဟင် အင်တာနက်လဲ မရဘူးဆိုပြီးတော့ ဘာဖြစ်တာလဲ မသိဘူး ဆိုပြီး တော့လေ
ကျွန်တော့်ကိုလာ လာမေးလို့ ဖြေရတာလဲ အမောပါပဲ တစ်ယောက်မကပါဘူး အယောက် ၂၀ ၃၀လောက်ရှိပါတယ်--


အဲ့ဒါက ဘာမှ မဟုတ်ဘူး Data ဆွဲအားနည်းလို့ လို့ တကယ်က စက်က error မဟုတ်ပါဘူး
Mobile Data ကို ဆွဲတဲ့ အားက 7kb/s တို့ 0.8kb/sတို့ လောက်ပဲ ရှိတာ ကွန်ပျူတာနဲ့ တွဲသုံးတာ Webpage ဘယ်ဖွင့်ရပါ့မလဲ ဗျာ-- အဲ့လိုပေါ့

အခုလဲ အဲ့လို Data ဆွဲအား မကောင်းတဲ့ အချိန်မှာ သွားပြီး Facebook သွားဖွင့်ပါတယ်-- သွားဖွင့်တော့ FB Server ကနေ လှမ်းပြီးတော့ Security Data တွေ တောင်းပါတယ် ဒီဘက်က မြန်မာ Connection နဲ့ တိုးပါတယ် ကဲ Security Data ကို Server ထိရောက်အောင် မပို့နိုင်ဘူး။
ဒီတော့ Server က account ကို ဖြုတ်ချပါတယ် ရိုးရိုးရှင်းရှင်းလေးပါပဲ---

Reverse >> ထို့အတူ မိမိလိုင်းက မကောင်းဘူး အဲ့အချိန်မှာ ကိုယ်က FB ကို Log Out လုပ်ချင်တယ် Log Out လုပ်လိုက်တယ် ။ Webpage မှာ Connection ပြတ်သွားတယ် ပြန်ဖြုတ်ပြန်တတ်တယ်-- Log in page ကိုရောက်မနေပါ-- မိမိရဲ့ Home ကို Log in ၀င်ပြီး သာလေးပဲ ဖြစ်နေပါတယ်--
{ဘာလို့လဲ ဆိုတော့ ဒါကလဲ ရှင်းရှင်းလေးပါပဲ-- ကိုယ် Log out လုပ်ချင်လို့ Log Out လုပ်မဲ့ Data ကို Send လိုက်တယ် Send နေတုန်း တန်းလန်း လိုင်းပြုတ်သွားတယ်။ ဒီတော့ Server က Bro ကသွားပြီး Log Out လုပ်မှန်း မသိတော့ နောက်တစ်ခါ  FB ဖွင့် မိမိ အကောင့် ၀င်ပြီးသားလေးပဲ ဖြစ်ပါတယ် :)}

" ဟင် ငါ FB သုံးနေတာ အကောင်းပြီး ဘာလို့ Log Out ဖြတ်တာလဲ။ သုံးတာဖြင့် ၁နာရီလောက်ရှိပြီ အခုမှ ခဏခဏ ပဲ ဆိုပြီပြောပါတယ်-- "

FB Application ရဲ့ Error မဟုတ်ပါဘူး... ကိုေ၇ွှလိပ် MPT ကြောင့်ပါလို့ ပြောကြားချင်ပါတယ်--
FB ရဲ့ Secutrity ထပ်တိုးထားတာရယ် ကိုကို MPT ရယ်ဆိုတော့ Log Out တော့တာပေါ့ဗျာ--

ကဲ ဒီလောက်ဆို သဘောပေါက်ပြီလို့ထင်ပါတယ်--

ဘယ်လိုဖြေရှင်မလဲဆိုတော့ Android ဖုန်းတွေမှာ ဆိုရင် Settings >> Accounts ဆိုပြီး ပါတတ်ပါတယ်--
Samsung ဖုန်းတွေမှာ တော့ ပါပါတယ်-- ကျွန်တော်က တခြားဖုန်းတွေ ကို မကိုင်နိုင်တော့ သိပ်မသိတာကို ခွင့်လွှတ်ပေးစေချင်ပါတယ်-

အဲ့ မှာ FB အတွက် ဆိုတာ ကို သွားပြီးတော့ Sync လုပ်ပေးပါ ပုံမှာလိုလေးပါ--  အဲ့မှာ Account နဲ့ Password ထည့်ထားရပါမယ်-- ဘာအတွက်လဲ ဆိုတာ အောက်မှာရှင်းထားပါတယ်--




ဒီလို အကောင့်ထည့်ထားခြင်းဟာ မိမိ Android နဲ့ Server ကို ချိတ်ထားခြင်းပါ---
အပေါ်က ပုံမှာ မြင်ရပါလိမ့်မယ်-- Dropbox, Facebook, Google အားလုံးပါပဲ--

ဒါနဲ့ ပြောပြရဦးမှာ Android ဖုန်းမှာ Log Out ခဏခဏ ဖြစ်တာက Facebook တစ်ခုထဲ မဟုတ်ပါဘူး ဆိုတာ ကြိုပြောထားပါရစေ--
Google Account လဲ ဖြစ်ပါတယ်-- အားလုံး ဖြစ်မှာပါပဲ--
ကဲ Google ရဲ့ Security ကတောင် Facebook ထက်ပိုမြင့်ပါသေးတယ်--

မယုံရင် Google အကောင့်ကို မြန်မာ နိုင်ငံ IP နဲ့ လုပ် ပြီး US IP နဲ့ ၀င်ကြည့်ပါ-- Webpage ရယ် Email Application မှာ Password ရော Username ရော မှန်နေတာတောင် ၀င်လို့ မရပါဘူး :)
Facebook က US IP နဲ့ ၀င်ဝင် Chinese IP နဲ့ ၀င်ဝင် အဲ့လို တားမြစ်ထားတာ မရှိပါဘူး။

Skype တို့ Dropbox တို့ကျ မရှိဘူးလို့ မေးပါလိမ့်မယ်-- သူတို့က အဲ့လောက်ထိ Security မလိုအပ်သလဲ အဲ့လောက်ထိလဲ Security ကြပ်မထားပါဘူး
Hacker တွေအားလုံးက FB, Twitter နဲ့ Google  ကိုပဲ အာရုံထားကြပါတယ် :)

ဒီတော့ မေးစရာ ရှိပါတယ် ဘာလို့ Google ကကျ Log Out မဖြစ်လဲ ဆိုတာ Android ဖုန်း တစ် လုံးကို စပြီး ၀င်တယ် ဆိုကတည်းက Google Play ၀င်ရင်ပဲ ဖြစ်ဖြစ် ။ Gmail, Talk သုံးရင်ပဲ ဖြစ်ဖြစ် Google Account ကို ထည့်လိုက်ရပြီးသားပါ--
အဲ့ကတည်းက တစ်ခါထည်း Account Info  Data တွေအားလုံး Accounts ထဲမှာ Sync လုပ်လိုက်ပြီးသားပဲ
အာ့ကြောင့် Server နဲ့ Account Info က ချိတ် နေပြီးသား ဖြစ်လို့ Log Out ဖြစ်ခြင်း၊ Log In ၀င်မရခြင်း ဆိုတာ မရှိပါဘူး :)

Facebook မှာက Android ဖုန်းတွေမှာ Original ပါတဲ့ ကောင်မဟုတ်ပါဘူး
အာ့ကြောင့် Facebook မှာ Account ကို Auto Sync လုပ်ထားလို့မရပါဘူး--
မိမိကိုယ်တိုင် သွားပြီး Sync လုပ်ထားရမှာပါ--

အားလုံးနားလည်အောင်ပြောရရင် Settings ထဲက Account ဆိုတာ Universal Server ကြီးပါပဲ {Facebook ဖက်က Server မဟုတ်ပါ မိမိဖက်က သူတောင်းတဲ့ Data ကို ပြန်လွှင့် ကိုယ်လိုအပ်တဲ့ Data ကို ပြန်ယူတဲ့ Server }-- မိမိ Data Info အားလုံးကို အဲမှာ သိမ်းဆည်းထားရင် လိုအပ်တဲ့ အချိန် လိုသလို သူက Data ယူသုံးနေပါလိမ့်မယ်

အကယ်လို့ အဲ့မှာ Sync မထားရင် Application နဲ့ FB ရဲ့ Server တိုက်ရိုက် ဆက်သွယ်ရတဲ့ အတွက် Data အလုံအလောက် မရရင် သူက လိုင်းပြုတ်နေဦးမှာပဲ

အာ့ကြောင့် မိမိ ဖုန်းကနေ Log Out ခဏခဏ မဖြစ်ချင်ရင် Settings >> Accounts ထဲမှာ မိမိရဲ့ FB
, Google, သက်ဆိုင် အကောင့်များကို ထည့်ထားလိုက်ပါလို့ ပြောကြားပါရစေဗျာ--

အဲ့လို အကောင့်ထည့်ထားခြင်းအားဖြင့် Data တော့ ပိုကုန်ပါတယ် ဒါပေမဲ့ အားလုံးက အဆင်ပြေတယ်လေ :)
တစ်ယောက်ယောက်က ကိုယ့်ကို Mail ပို့လိုက်ရင် ကိုယ်က တန်းသိတယ် ။ ကဲ Log In ၀င်စရာ မလိုဘူးမလား။ Gmail က Auto Data ကို Google Server နဲ့ အပေးအယူလုပ်နေတာပေါ့

ကဲ ဒီတော့ ဖြေရှင်းနည်းလဲ ပြောပြီးပြီ။ တရားခံလဲ ပြောပြီးပြီ။ ကိုယ့်ဖာသာကို အဖြေရှာကြတော့

Iphone တို့ မှာလဲ Log Out  ခဏခဏ ဖြစ်တယ်ပြောပါတယ်။ ကျွန်တော့်က Iphone မရှိတော့ ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိဘူးဖြစ်နေပါတယ်--

တချို့ မှာ Accounts ဆိုတာ မပါဘူး ပြောတယ် ရှိမှာပါ--- Auto လုပ်ထားပေးလို့ဖြစ်ပါလိမ့်မယ်လိုပြောပါရစေ--

ကဲ ဒီလောက်ပါပဲ ဆက်လက်ပြီးတော့  Research လေးများ လုပ်သွားဖို့ရှိပါတယ်--
ကျွန်တော်တော့ အခု အချိန်ထိ Log Out လုပ်လို့ ပြန်ဝင်ရတယ်ဆိုတာ အခု ဒီ ကောင်လေးရေးဖို့ Log Out ပုံကို Screenshot ရိုက်တာလေးပဲ ရှိသေးတယ် လို့ပြော၇င် နိဂုံးချုပ်အပ်ပါတယ်--

Auto Sync နည်းလမ်းအား ပိုသေချာအောင် ကူညီပေးခဲ့သော  ကို သစ်ကပ်ပန်းအား အထူးပင်ကျေးဇူးတင်ပါတယ်-- သူက ၁၀၀% အလုပ်မလုပ်ဘူးပြောသော်လည်း မှန်ပါတယ်-- Internet လိုင်းက 2 to 5 kb/s လောက်နဲ့ Accounts server က Sync ပင်လုပ်နိုင်မည် မဟုတ်ပါ-- အမှန်တကယ်ကား Internet လိုင်း မကောင်းလို့ပင် ဖြစ်ပါတယ်--

ကျွန်တော်က နောက်မှ တင်တာ မို့လို့ ပြီးတော့ ကျွန်တော် ရှာနေတဲ့ နည်းလမ်းကို ကိုသစ်ကပ်ပန်းက ပိုသေချာ အောင် ပြောပြခဲ့တဲ့ အတွက် ကျွန်တော်က မှီငြမ်းသူ ဖြစ်ပါတယ်--
သူ့ကို Credit ထည့်ပေးရင် ကောင်းမလား ဆိုပြီး စဉ်းစားမိတယ် ဒါပေမဲ့  အစက ဘယ်သူရေးမှန်းမသိ ဘယ်လိုရေးလိုက်မှန်း သေချာ မသိလိုက်လို့ပါ--
ပြီးတော့ Post ထဲမှာ တွေ့လိုက်တော့ ငါစဉ်းစားထားတာနဲ့ တူတူပဲ ဆိုပြီးတော့ပဲ ကျော်ဖတ်မိတဲ့ အတွက် မလိုဘူးထင်လို့ ရယ် Thanks to Unknown ရယ်ဆိုတာ ပေးရင်း တကယ်တင် ပေးတဲ့ ကိုသစ်ကပ်ပန်း ရင်ထဲ ဘယ်ကောင်းမလဲဆိုတာ တွေးမိလို့ပါ--
ကိုသစ်ကပ်ပန်းက အရင် MMUG နဲ့ MMSD မှာ တင်လိုက်တာကြောင့် သူက အရင် pioneer ဖြစ်ပါတယ်--
ကျွန်တော်ကတော့ Log Out ဖြစ်စေတဲ့ အကြောင်းအရင်းကိုသာ ပြောပြပေးတဲ့ သူပဲဖြစ်ပါတယ်--

အားလုံး အဆင်ပြေပါစေ--
Steel Jelly
{Chief Editor Of FullPremiumNowFree}

နောက် ထပ် အခြားသော သူများနဲ့ မတူ၊ တမူထူးခြားတဲ့  How To Tutorials လေးများ ထပ်ပေးသွားဦးမှာမို့လို့  Full Premium Now Free Official Page ကို Like လေး လုပ် ပေးပါဦးလို့ ပြန်ကြားပါရစေနော်--
မိမိ အခက် အခဲရှိတာ တောင်းဆိုချင်တာရှိရင်လဲ Facebook Page မှာ လာရောက် တောင်းဆိုနိုင်ပါတယ်ခဗျာ- -

Facebook Page Link >> https://www.facebook.com/FullPremiumNowFree


Site Link >> http://www.fullpremiumnowfree.com/2013/05/how-to-android-log-out.html
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget