Health > ကောလိပ်ကျောင်းသား ဘ၀တွင် ယမကာမျိုးစုံမှီဝဲခြင်းက အသက်ကြီးလာလျှင် နှလုံးရောဂါရနိုင်

Photo: Health Updates Journal
Vol.2, No.18
ကောလိပ်ကျောင်းသား ဘ၀တွင် ယမကာမျိုးစုံမှီဝဲခြင်းက အသက်ကြီးလာလျှင် နှလုံးရောဂါရနိုင်

	ကောလိပ်ကျောင်းသားများ အရွယ်တွင်ယမကာမျိုးစုံကို စမ်းသပ် မှီဝဲ ခြင်းသည် သွေးလှည့်ပတ်မှုစနစ် တွင်းဝယ် ပြောင်းလဲမှုများစွာဖြစ်စေပြီး အသက်အရွယ်လာလျှင် နှလုံး ရောဂါဖြစ်ပွားနိုင်ချေမြင့်တက် ကြောင်းသုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ လူငယ်ဘ၀တွင် ယမကာမျိုးစုံမှီဝဲခြင်းသည် အာရုံကြော စနစ်နှင့် သွေးလှည့်ပတ်မှုစနစ်ကို ထိခိုက်နိုင်ကြောင်းကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့၊ အီလီနွိုက်တက္က သိုလ်မှသုတေသီ Dr. Shane Phillips ကသုတေသနပြုနိုင်ခဲ့ သည်။
	အသက်၁၈နှစ်မှ၂၅နှစ်အတွင်း ကောလိပ်ကျောင်းသားများတွင် အဆိုပါ ယမကာမျိုးစုံမှီဝဲမှုသည် အမြင့်မားဆုံးနှုန်းဖြစ်ပြီး အဆိုပါအမူ အကျင့်သည် အသက်အရွယ်၄၀မှ၆၀ အတွင်းဝယ် လေဖြတ်ခြင်း၊ ရုတ်တ ရတ်နှလုံးခုန်ရပ်ခြင်းနှင့် နှလုံးတိုက်ခိုက်မှုကို ခံစားရနိုင်ချေများကြောင်း တွေ့ရှိခဲ့ရသည်။အမေရိကန်ကော လိပ်ကျောင်းသားတစ်ဦးသည် ပျမ်းမျှ တစ်နေ့လျှင် ဘီယာ၁၂အောင်စ၊ ၀ိုင် ငါးအောင်စ၊ ဘရမ်ဒီ၁.၅အောင်စ နှင့်ပန့်ခ်ျ(သစ်သီးစုံယမကာပျော့)ကို ၂၀အောင်စမှီဝဲနေကြောင်း၊ အဆိုပါ မျိုးစုံသောက်သုံးမှုကို binge drinking ဟုခေါ်ကြောင်းသိရှိရသည်။အဆိုပါသောက်သုံးမှုပုံစံကို တစ်လ လျှင်ခြောက်ကြိမ်မျှ ပြုလုပ်လေ့ရှိ ကြောင်းကိုလည်း ဖော်ပြထားသည်။
	သွေးလှည့်ပတ်မှုကို ထိန်းချုပ်သော နှလုံးကြွက်သားများနှင့် သွေးကြောနံရံများသည် အဆိုပါ ယမကာ မျိုးစုံမှီဝဲသော ကောလိပ်ကျောင်းသားများတွင် ပိုမိုပျက်ယွင်းလာကြောင်း၊ အဆိုပါ အခြေအနေသည် အသက်ကြီးလာလျှင် နှလုံးကြွက်သား ပုပ်ခြင်း၊ သွေးကြောများတောင့်တင်းလာခြင်းနှင့် လေဖြတ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း Dr. Shane Phillips က ရှင်းပြခဲ့သည်။ထို့ပြင် သွေးပေါင်ချိန်တက်ခြင်းနှင့် သွေးတွင်း ကိုလက်စတီရောများ တက်နေခြင်းကိုလည်း binge drinking ပြုလုပ်သော ကျောင်းသားများတွင် တွေ့ရှိခဲ့သည်။
	လေ့လာမှုကို Journal of American College of Cardiology တွင် ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
Ref: ANI
ကောလိပ်ကျောင်းသား ဘ၀တွင် ယမကာမျိုးစုံမှီဝဲခြင်းက အသက်ကြီးလာလျှင် နှလုံးရောဂါရနိုင်
ကောလိပ်ကျောင်းသားများ အရွယ်တွင်ယမကာမျိုးစုံကို စမ်းသပ် မှီဝဲ ခြင်းသည် သွေးလှည့်ပတ်မှုစနစ် တွင်းဝယ် ပြောင်းလဲမှုများစွာဖြစ်စေပြီး အသက်အရွယ်လာလျှင် နှလုံး ရောဂါဖြစ်ပွားနိုင်ချေမြင့်တက် ကြောင်းသုတေသနတစ်ရပ်တွင် ဖော်ပြထားသည်။ လူငယ်ဘ၀တွင် ယမကာမျိုးစုံမှီဝဲခြင်းသည် အာရုံကြော စနစ်နှင့် သွေးလှည့်ပတ်မှုစနစ်ကို ထိခိုက်နိုင်ကြောင်းကို အမေရိကန်နိုင်ငံ ချီကာဂိုမြို့၊ အီလီနွိုက်တက္က သိုလ်မှသုတေသီ Dr. Shane Phillips ကသုတေသနပြုနိုင်ခဲ့ သည်။
အသက်၁၈နှစ်မှ၂၅နှစ်အတွင်း ကောလိပ်ကျောင်းသားများတွင် အဆိုပါ ယမကာမျိုးစုံမှီဝဲမှုသည် အမြင့်မားဆုံးနှုန်းဖြစ်ပြီး အဆိုပါအမူ အကျင့်သည် အသက်အရွယ်၄၀မှ၆၀ အတွင်းဝယ် လေဖြတ်ခြင်း၊ ရုတ်တ ရတ်နှလုံးခုန်ရပ်ခြင်းနှင့် နှလုံးတိုက်ခိုက်မှုကို ခံစားရနိုင်ချေများကြောင်း တွေ့ရှိခဲ့ရသည်။

အမေရိကန်ကော လိပ်ကျောင်းသားတစ်ဦးသည် ပျမ်းမျှ တစ်နေ့လျှင် ဘီယာ၁၂အောင်စ၊ ၀ိုင် ငါးအောင်စ၊ ဘရမ်ဒီ၁.၅အောင်စ နှင့်ပန့်ခ်ျ(သစ်သီးစုံယမကာပျော့)ကို ၂၀အောင်စမှီဝဲနေကြောင်း၊ အဆိုပါ မျိုးစုံသောက်သုံးမှုကို binge drinking ဟုခေါ်ကြောင်းသိရှိရသည်။အဆိုပါသောက်သုံးမှုပုံစံကို တစ်လ လျှင်ခြောက်ကြိမ်မျှ ပြုလုပ်လေ့ရှိ ကြောင်းကိုလည်း ဖော်ပြထားသည်။
သွေးလှည့်ပတ်မှုကို ထိန်းချုပ်သော နှလုံးကြွက်သားများနှင့် သွေးကြောနံရံများသည် အဆိုပါ ယမကာ မျိုးစုံမှီဝဲသော ကောလိပ်ေ
ကျာင်းသားများတွင် ပိုမိုပျက်ယွင်းလာကြောင်း၊ အဆိုပါ အခြေအနေသည် အသက်ကြီးလာလျှင် နှလုံးကြွက်သား ပုပ်ခြင်း၊ သွေးကြောများတောင့်တင်းလာခြင်းနှင့် လေဖြတ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း Dr. Shane Phillips က ရှင်းပြခဲ့သည်။ထို့ပြင် သွေးပေါင်ချိန်တက်ခြင်းနှင့် သွေးတွင်း ကိုလက်စတီရောများ တက်နေခြင်းကိုလည်း binge drinking ပြုလုပ်သော ကျောင်းသားများတွင် တွေ့ရှိခဲ့သည်။
လေ့လာမှုကို Journal of American College of Cardiology တွင် ဖော်ပြထားခြင်းဖြစ်သည်။

ငြိမ်းအေး
Ref: ANI
Health Updates Journal
Vol.2, No.18

For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget