နေမကောင်းလျှင် လေ့ကျင့်ခန်း လုပ်သင့်သလား |
(၁) လည်ပင်းနှင့်ဆုံးဖြတ်ပါ
လည်ပင်းအထက်ပိုင်း ဝေဒနာ များဖြစ်သည့် ချောင်းဆိုး၊ နှာစေး ကိစ္စလောက်သာဆိုလျှင် လေ့ကျင့် ခန်းလုပ်နိုင်သည်။ ဖျားနာပြီး တစ်ကိုယ်လုံးကိုက်ခဲခြင်း၊ ရင်ခေါင်းထဲမှ လှိုက်၍ချောင်းဆိုးခြင်းဖြစ်ပါက အနားယူပါ။
(၂) ဖျားနာခြင်းသည် မီးနီပြခြင်းဖြစ်၏
ကိုယ်အပူချိန် ၁၀၁ ဒီဂရီဖာရင် ဟိုက်ကျော်ပါက လေ့ကျင့်ခန်းမလုပ်ဘဲ အနားယူပါ။ လေ့ကျင့်ခန်းလုပ် ပါက ခန္ဓာကိုယ်အပူချိန်ပိုတက်လာ ပြီး ဝေဒနာပိုဆိုးစေနိုင်သည်။
(၃) နိုင်ငံကြီးသားပီသပါ
အားကစားရုံသွားဖို့ ဆုံးဖြတ်လိုက်ပါက မိမိအသုံးပြုခဲ့သော ကိရိယာများကိုသန့်စင်ပေးပါ။ လူကျသည့် အချိန်မသွားပါနှင့်။
(၄) သက်သက်သာသာလေ့ကျင့်ပါ
အပြေးလေ့ကျင့်ခန်းအစား လမ်းလျှောက်ပါ။ ယောဂလေ့ကျင့် ခန်းကဲ့သို့ အပျော့စားလေ့ကျင့်ခန်း များလုပ်ပါ။ နေမကောင်းသည့်အချိန် တွင် ခန္ဓာကိုယ်အား ၀န်ထုပ်ဝန်ပိုးမ ဖြစ်ပါစေနှင့်။
(၅) ရေသောက်ပါ
အအေးမိစဉ် နှာရည်ယိုခြင်း၊ နှာစေးပျောက်ဆေးသုံးစွဲခြင်းများ က ရေဓါတ်ခန်းခြောက်စေနိုင်သည်။ ရေဓါတ်ကြောင့်ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ သန့်စင်ပေး နိုင်သလိုနာလန်ထရန် ကူညီပေးနိုင်သည်။
သီဟ
Source: WebMD
Health Updates Journal
Vol.2, No.18For More Health >> http://www.fullpremiumnowfree.com/search/label/Medical