Health >> အိပ်ရေးပျက်ခံခြင်းနှင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါများ ဆက်စပ်နေ

အိပ်ရေးပျက်ခံခြင်းနှင့် ကင်ဆာ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါများ ဆက်စပ်နေ
အိပ်ရေးပျက်ခံခြင်းဟာ ဇီဝဖြစ် ပျက်မှုဖြစ်စဉ်တွေကို ပျက်ယွင်းစေတဲ့ အတွက် ကင်ဆာ၊ နှလုံးရောဂါ၊
ဆီးချိုသွေးချိုရောဂါများ ဖြစ်ပွားမှု နှုန်းများကို မြင့်တက်စေနိုင်တယ်လို့ သိရပါတယ်။ အိပ်စက်ခြင်း၊ ဇီဝအိပ် စက်မှုနာရီနဲ့ ခန္ဓာကိုယ်ဇီဝ ဖြစ်ပျက် မှုတွေဟာ ဆက်စပ်နေတယ်ဆိုတာ ကို အခုဆောင်းပါးမှာ ဖော်ပြထား ပါတယ်။
လူသားတွေရဲ့၂၄နာရီအတွင်း အိပ်စက်မှုဖြစ်စဉ်ဟာနာရီလိုပဲ လည် ပတ်နေတာဖြစ်ပါတယ်။ တစ်ပတ် လောက် အိပ်ရေးပျက်ပြီဆိုရင် စည်း ချက်ပျက်ပါပြီ။လေ့လာမှုအရ တစ် ပတ်အတွင်း အိပ်ရေးပျက်တဲ့ ကာလ များလာပြီဆိုရင် မျိုးဗီဇအရ ၁၁မျိုး လောက် ပြောင်းလဲသွားပြီလို့ သိရပါ တယ်။
အိပ်စက်ခြင်းနဲ့ နိုးထခြင်းကိုဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းမှာ အိပ်ရေးပျက်လျှင်ပျက်စီးပြီး အင်ဆူလင် ထုတ်လုပ်မှုကို ကမောက်ကမဖြစ်စေ သဖြင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွား ရခြင်းဖြစ်တယ်လို့ ယခုလေ့လာမှုမှာ ဖော်ပြထားပါတယ်။ နောက်ပြီး အိပ်ရေးပျက်ခြင်းဟာ အ၀လွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်ရင် စွမ်းအင်ကို အသုံးချရမှုတွေ တက်လာတဲ့အတွက် အစားအစာကို ပိုစား နေကြလို့ပဲဖြစ်ပါတယ်။ ဒီအခါမှာ နောက်ဆက်တွဲ နှလုံးသွေးကြော ကျဉ်းပြဿနာတွေနဲ့ လေဖြတ်ဝေဒ နာတွေ ၀င်လာနိုင်ပါတယ်။
နောက်ပြီး အိပ်ရေးပျက်ခြင်း ဟာ ဇီဝကမ္မဗေဒဆိုင်ရာ ပုံမှန်လုပ် ငန်းတွေကို ပျက်ယွင်းစေပြီး မျိုးဗီဇ အရ ၁၁မျိုးလောက် ပြောင်းလဲသွားတဲ့ အတွက် ကင်ဆာရောဂါတွေ ဖြစ်ပွား လာနိုင်ပါတယ်။ ဖြစ်ပွားလာနိုင်တဲ့ ကင်ဆာတွေကိုတော့ ဆက်လက်လေ့ လာနေတယ်လို့ သိရပါတယ်။
ယခုလေ့လာမှုကို ဆေးပညာ ထိပ်တန်းဂျာနယ်တစ်စောင်ဖြစ်သော Lancetတွင် ဖော်ပြထားခြင်း ဖြစ်ပါတယ်။

နှင်းပွင့်
Ref: MedIndia
Health Updates Journal
Vol.2, No.19
For More Health >> http://www.fullpremiumnowfree.com/search/label/Medical
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget