Chrome browser အတွက် Blink rendering engine သစ်ကို Google အသုံးပြုမည်

Chrome browser အတွက် Blink rendering engine သစ်ကို Google အသုံးပြုမည်
Chrome browser အတွက် Blink rendering engine သစ်ကို Google အသုံးပြုမည်


Google ကုမ္ပဏီသည် Apple ၏ Web Kit မှ ခွဲထွက်ပြီး Blink ဟုခေါ်သော rendering engine သစ်ကို ကုမ္ပဏီ၏ Chrome Web Browser တွင် အသုံးပြုမည် ဖြစ်ကြောင်း  ကြေ ညာ ပြောကြားခဲ့သည်။
Chromium Project Blog တွင် ဖော်ပြချက် အရ Google သည် အခြားသော Web Kit Browser များနှင့် လုပ်ဆောင်ချက် အလွန် ကွဲပြားသော ကုမ္ပဏီပိုင် open source engine ကို ဖန်တီး တည်ဆောက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Blink HTML rendering engine သည် Apple ၏ Webkit ပေါ်တွင် အခြေခံ ထားခြင်းဖြစ်ပြီး Mac တွင် သုံးနိုင်မည့် Chrome Desktop Browser ကဲ့သို့သော ကွဲပြား ခြားနားသည့် Chrome ထုတ်ကုန်များ၏ အမြန်နှုန်းကို မြှင့်တင်ပေးနိုင်မည် ဖြစ်ကြောင်း ဆိုသည်။ Google Software အင်ဂျင်နီယာ AdamBarth ၏ အဆိုအရ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ မလွယ် ကူကြောင်း၊ rendering engine သစ်ကို အသုံးပြုခြင်းကြောင့် web အတွက် သိသာ ထင်ရှား သည့် ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်စေမည်ကို သိရှိကြောင်း ဖော်ပြခဲ့သည်။
လက်ရှိ အချိန်တွင် Blink နှင့် ပတ်သက်သည့် ကွဲပြား ခြားနားမှုကို Web Developer များ သိရှိမည် မဟုတ်ကြောင်း၊ Google အနေဖြင့် အတွင်းပိုင်း တည်ဆောက်မှုကို ပြုပြင်မွမ်းမံ ထားပြီး code- base ကိုလည်း ရှင်းလင်း လွယ်ကူအောင် ပြုလုပ်ထားကြောင်း Google မှ ပြောကြားခဲ့သည်။

နောင်နောင်
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget