”မိုဘိုင်းဖုန်း တွေနဲ့ အင်တာနက် သုံးစွဲနေတဲ့ ခေတ်မှာ ဒီဈေးနှုန်း ဖြစ်သွားလည်း မဆန်းတော့ ပါဘူး။ လျှောက်ထား ခတွေ၊ နှစ်စဉ် ကြေးတွေ လျှော့ချရုံနဲ့ အင်တာနက် သုံးတဲ့လူ တက်မလာ ပါဘူး။ လိုအပ် နေတဲ့ မြန်နှုန်း၊ မြင့်မား နေတဲ့ လစဉ်ကြေး တွေကို အကောင်းဆုံး လုပ်ပေးမှ သုံးတဲ့ သူများ လာပြီး ဆိုင်ဖွင့် ချင်တဲ့ လူရှိလာ မှာပါ။ ဒီလိုမှ မဟုတ် ရင်တော့ အင်တာနက် ဆိုင်တွေ မများလာတဲ့ အပြင်ရှိတဲ့ ဆိုင်တွေပါ ပိတ်သိမ်းဖို့ ရှိလာမှာ ပါ” ဟု ပုဇွန်တောင် မြို့နယ် Net King အင်တာနက်ဆိုင် ပိုင်ရှင်က ပြောသည်။
ယင်းအပြင် မင်္ဂလာတောင် ညွန့်မြို့နယ်မှ Joker အင်တာနက် ဆိုင်ပိုင်ရှင် ကလည်း မိုဘိုင်း အင်တာနက် မြန်နှုန်းထက် ပိုကောင်းမှသာ ဆိုင်များတွင် လာရောက် သုံးစွဲသူ ရှိလာမည် ဖြစ်ကြောင်း၊ လက်ရှိ အနေ အထားအရ အင်တာနက် သုံးစွဲသူ အများစုမှာ မိုဘိုင်း ဖုန်းနှင့် ရုံးများ တွင်သာ သုံးစွဲမှု ပိုများသည့် အနေ အထားတွင် ရှိနေကြောင်း၊ နောက်ရောင်း ချမည့် ဖုန်းများ တွင်လည်း အင်တာနက် စနစ်များ ပါဝင်လာဖွယ် ရှိသည့်အတွက် အင်တာနက် သုံးစွဲသူများမှာ မိုဘိုင်းဖုန်း ကိုသာ ဦးစား ပေးတော့ မည်ဖြစ်ကြောင်း၊ ယင်းကြောင့်ငွေ ကြေးကုန် ကျမှု များစွာဖြင့် ဖွင့်လှစ် ထားသည့် အင်တာနက် ဆိုင်များ ဆက်လက် ရပ်တည်ရန် လစဉ်ကြေးနှင့် မြန်နှုန်းကို အဆင်ပြေအောင် ဆောင်ရွက် ပေးစေလိုကြောင်း ပြောသည်။ ဆက်သွယ် ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီး ဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် Public Access Center (PAC) ဝန်ဆောင်မှု လုပ် ငန်း လိုင်စင်ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ် ကစ၍ ဆောင်ရွက်ပေး ခြင်း ဖြစ်သည်။ အဆင်ပြတဲ့နေရာကနေကူယူဖော်ပြသည်။