ဝါယာရှော့ခ်ဖြစ်ပြီး ရထားစက်ခေါင်းမီးလောင်

နေပြည်တော်၊ မေ ၎

၃-၅-၂၀၁၃ ရက်နေ့ ၀၇၁၅ အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ၀က်လက်မြို့နယ် သာလိုင်းဘူတာမှ ၀က်လက်ဘူတာသို့မောင်းနှင်လာသော အမှတ်(၄၃)အဆန်ကုန်ရထားသည် မိုင်တိုင်အမှတ်(၄၂၈/၁၈)အရောက်၌ စက်ခေါင်းအမှတ် DF-1306 ၏ ညာဘက်ခြမ်းရှိမော်တာမှ ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားသဖြင့် စက်ရပ်သွားခဲ့သည်။ မီးလောင်သည့်နေရာသို့ ၀က်လက်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များရောက်ရှိ ၀ိုင်းဝန်းမီးငြှိမ်း သတ်မှုကြောင့် ၀၇၃၀ အချိန် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုမှာ ရထားစက်ခေါင်းတွဲရှိ သံထည်မှဆီချေးများကိုသာလောင်ကျွမ်းသဖြင့် ပျက်စီးဆုံးရှုံးမှုမရှိသော်လည်း စက်ခေါင်းမှာ လုံးဝစက်နှိုးမရသောကြောင့် ရွာထောင်မှ စက်ခေါင်း(၁)စီးဖြင့် ၀က်လက်ဘူတာသို့ တွန်းပို့ခဲ့ရာ ၀၈၄၅ အချိန် ၀က်လက်ဘူတာသို့ရောက်ရှိခဲ့ပြီး အစုန်အဆန်ရထားများအတွက် လိုင်းရှင်းလင်းထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

ရဲဇာနည်
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget