Android ပေါ်မှ WiFi Hack ရန် နည်းလမ်းအတွက် ကြိုတင်ပန်ကြားခြင်း {Rules To Obey Before Hacking WiFi}

         
Coming Soon>> How To Hack Mac Filtering WiFi Using Android (Part 1)
============================================

Android ကနေ WiFi ကို ဘယ်လို ဟက်ရမလဲ ဆိုတာ မစခင် ကြိုတင်ပြီး ပြောချင်တာလေးတွေ ရှိပါတယ်--
သေချာ ဖတ်ပြီး ပြန်ရှယ်ပေးဖို့ လိုပါတယ်--

ကျွန်တော် သေသေ ချာချာ အတိအလင်း ပြောချင်ပါတယ်။ Hacking WiFi Using Android ကို ဘယ်ကနေမှ ကူးချထားတာ မဟုတ်ပါဘူး။
ဘယ် English Site ကနေမှလဲ Clone လုပ်ထားတာ မဟုတ်ပါဘူး။ ကိုယ်ပိုင် အတွေးအခေါ်နဲ့သာ စမ်းသပ် တီထွင်ပြီး အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကို ဖတ်တဲ့ သူတွေ အားလုံးကို သိပြီးဖြစ်စေချင်ပါတယ်။ နောက်ပြီး ပြန်ရှယ် ခိုင်းရတာကလဲ အားလုံးကို တစ်ပြေးညီ သိစေချင် ဒါလဲ ပါပါတယ်။
ဒီစာကို ဖတ်တဲ့ သူတဲ့ ပြန်ရှယ်ဖို့ လိုပါတယ်။ ငါမှ မဟက်တာ ဘာလို့ပြန်ရှယ်ရမှာလဲ တော့ ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ဘယ်သူ့ကို မှလဲ ကျွန်တော် မဟက်ခိုင်းပါဘူး။
ဒါပေမဲ့ လူ့သဘာဝအရ မကောင်းတာကို မသိစိတ်ကကို ခုန်မင် တတ်ကြပါတယ်။ တချို့ ကြတော့လဲ Hack ချင်ကြမယ်။ တချို့ ကြတော့လဲ ကိုယ့် WiFi လေးကို ဘယ်သူမှ မသုံးအောင် လုပ်ချင်ကြမှာမို့ပါ။

ဘာလို့လဲရှယ်ခိုင်းရတာလဲ ဆိုတော့ ဒီစာကို မဖတ်မိပဲ နောက် တင်မယ့် Post တွေကို ဖတ်မိရင်
ပြဿနာ တွေ တက်နိုင်ပါတယ်။ အငြင်းအခုန် လာနိုင်ပါတယ်။ အဲ့ကိစ္စ တွေကို မတွေ့ချင်လို့ပါ--ဒါကြောင့် စည်းကမ်းချက်တော့ ထုတ်ပါရစေ--


စည်းကမ်းချက်များ-
---------------------
(၁) မိမိ WiFi Hack လို့ ရသွားတဲ့ အချိန်မှာ တတ်နိုင်သလောက် မည်သူမှ မပြောပါနဲ့တော့ -ဥပမာ ဟိုလူ့ ရှောက်ပြော ဒီလူ့ ရှောက်အော် မလုပ်ပါနဲ့။
ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ မိလို့ ပြဿနာ အကြီးအကျယ် တက်ခဲ့ဖူးပါတယ် (သူတစ်ပါး ဖြစ်တာကိုကြည့်ပြီး သင်ခန်းစာယူပေးပါ)

(၂) WiFi Hack လို့ ရသွားတဲ့ အခါ သိပ်ပြီးဂုဏ်မယူပါနဲ့။ (သူတစ်ပါးဟာကို ခွင့်ပြုချက် မရှိပဲ ယူတာက လဲ ခိုးတာပါပဲ။ဂုဏ်ယူ စရာ မဟုတ်ဘူးလို့ထင်ပါတယ်)

(၃) Hack တာပဲ ဆိုပြီး ဘယ်သူမှ မပြောရဘူးဆိုပြီး တော့လဲ "Anonymous" မလုပ်ပါနဲ့။ (Anonymous လုပ်တာဟာ Website ဖောက်တာတို့, Credit Card Hack တာတို့, Bank ဖောက်တာတို့ မှာပဲ ရှိသင့်တဲ့ အရာပါ။
Hack ဖို့အတွက် Social ကျပါ။ လူချစ်လူခင်နေတတ်အောင် နေပါ။ Data ရသလောက်နိုက်ပါ။ ဒီစည်းကမ်းချက်ကို နားမလည်ရင် နောက်Post မှာ အကျယ်တ၀င့် ရှင်းထားပါတယ်)

(၃) WiFi Hack နေစဉ်မှာရော၊ Hack ပြီးသွားရင်ရော "ငါက WiFi Hacker, ငါ Hack တတ်တယ်" တွေ ဘာတွေ မကြွားမိပါစေနဲ့။

(၄) WiFi Hack လို့ ရမှ ကို မဟုတ်ပါဘူး-အမြဲမှတ်ထားပေးပါ။ သူတစ်ပါး သွားပြီး "မင်းငါ့လောက်မတတ်ဘူး-ငါ့လောက်လဲ မလုပ်တတ်ဘူး- လူပိန်း ဦးနှောက်မရှိဘူး-ဒီလိုလုပ်ရတယ်"
ဆိုတာ ဘယ်တော့ မှ မပြောပါနဲ့၊ Ghost Area Founder Bro Negative Thunder ပြောသလို "သူက မင်းလောက် မသိတာ မဟုတ်ပါဘူး မင်းလို မသိတာပဲ ရှိတာပါ" ဆိုတာတော့ မှတ်ထားပေးပါ--

(၅) ဒီ Post နဲ့ နောက်ထွက်မဲ့ Post တွေကို ကျေးဇူးပြုပြီး ရှယ်ဖို့ မမေ့ပါနဲ့။ (အကယ်လို့ လုပ်နည်လေးပဲ ကွက်ကြည့်ပြီး ဒီပိုစ့်ကို မဖတ်မိရင် ကျွန်တော့် အတွက် အကြီးအကျယ် ပြဿနာရှိနိုင်လို့ပါ)

(၆) ကျွန်တော့် Postတွေကို ပြန်ရှယ်လျှင် ဒီအတိုင်း ပြန်ရှယ်ပေးပါ--
ဘယ်အချက်မှ ပြောင်းလဲ တာ မလုပ်ပါရန် မေတ္တာ ရပ်ခံပါတယ် လိုက်နာပေးပါ--(မိမိ ဆိုဒ်ပေါ်တင်ရင်ပဲ ဖြစ်ဖြစ်၊သဘောကျလို့ သိမ်းထားရင်ကိုပဲ ဖြစ်ဖြစ်ပါ)

ကျွန်တော် ဒီ Hack နည်းတင်ရတဲ့ ရည်ရွယ်ချက်က တော့ ကျွန်တော့် အတွေ့ အကြုံ ကို ပြန်ရှယ်ပေးတာပါ။ Fri တို့ Bro တို့ကို ရစေချင်လို့ ရှယ်ပေးတာပါ။ သူများတွေလဲ ကိုယ့်လို စဉ်းစားတတ်အောင် ကျွန်တော် ဘယ်လို လုပ်ခဲ့သလဲ ဆိုတာပဲ ဗဟုသုတ ရစေချင်ရုံပါ-
နောက်ပြီး WiFi Hack တာကို ဘယ်လို ပြန်ပြီး ကာကွယ်မလဲ ဆောင်ရန် ရှောင်ရန်တွေကို ပြောပေးရုံပါ။ တခြားမည်သည့် ရည်ရွယ်ချက်မှ မပါပါ။ မည်သည့် အတွင်းရေးမှ မပါပါဘူး ဆိုတာ ပြောချင်ပါတယ်။
နာမည်ကြီးဖို့လဲ မပါပါဘူး။နာမည်ကြီးချင် လူရွှင်တော် လုပ်စားမှာပါ။ Hack နည်းပြောရတာ တောင် မရှိတဲ့ သိက္ခာကျ ပါသေးမယ် :|

ကျေးဇူးတင်ပါတယ် ။ အလိုမကျက ဆွေးနွေးလိုက Comment နိုင်ပါတယ်.. နောက်တစ် Post မှာ Hack နည်းအပိုင်းခွဲ ပြောပြပါမယ်--
{လူတွေရဲ့ သဘာဝအရ စာရှည်ရင် သိမ်မဖတ်ချင်တော့ တာ ဖြစ်လို့ အပိုင်းခွဲပြီး ကိုးရီးယားဇာတ်လမ်းတွဲ၊တရုတ်သိုင်းကား၊Anime ကားတွေလို အပိုင်းဖြတ်ရတာကို နားလည်ပေးပါ}

Steel Jelly
Chief Editor Of Full Premium Now Free
[facebook]
[blogger]

MKRdezign

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.
Javascript DisablePlease Enable Javascript To See All Widget